"နောင်ကျရင် မင်း စာလေ့လာတဲ့အခါ ရူပဗေဒနဲ့ ဓာတုဗေဒကို အားစိုက်တာပေါ့"

ရှန့်ချောင် သက်ပြင်းချသည်။

"ကျွန်မခေါင်းကို ပုတ်တာပဲဖြစ်ဖြစ် ကျွန်မကို သတ်တာပဲဖြစ်ဖြစ် ဝမ်းနည်းတာကို မဖြေသိမ့်ပေးနိုင်ဘူး"

ဟော့ရှီးက မေးခွန်းထုတ်သည်။

"ဟော့ပေါ့ဆိုရင်ရော?"

"အာ?"

ဖန်းပိုင်က တံခါးဖွင့်လာကာ အချိန်ကိုက်ပင် ဆိုလာသည်။

"ရှီးကော၊ ကျွန်တော်တို့ ဟော့ပေါ့ဆိုင်ကို ဘိုကင်လုပ်ပြီးပြီ၊ ဒီမြို့မှာ ကျိန်းသေ အရသာအရှိဆုံးဆိုင်ပဲ!!"

ဤနေရာသို့ လာရောက်သည့် နှစ်ရက်အတွင်းမှာပင် သူက ဒေသိယဘာသာစကားအား သင်ယူပြီးဖြစ်ကာ နယ်ခံကဲ့သို့ ကျွမ်းကျင်နေလေပြီ။

ပေ့မင်းဖန်က ကျောင်းဝင်ခွင့်အခြေအနေအား ကျောင်းအုပ်ကြီးနှင့် ဆွေးနွေးပြီးနောက် သူတို့အားလုံး ဟော့ပေါ့ဆိုင်သို့ ချီတက်ကြသည်။ သီးသန့်ခန်းလုံခြုံရေးမှာ အထူးကောင်းမွန်ပြီး လေထုထဲတွင် မွှေးပျံ့သည့် ဟင်းရည်ရနံ့တို့ ပျံ့သင်းလျက်ရှိသည်။

ပေ့မင်းဖန်က အောင်ပွဲကျင်းပသည့်အနေဖြင့် ရှန်ပိန်တစ်ပုလင်းပင် ဖွင့်ဖောက်လိုက်သေးသည်။ အဆုံးတွင်မူ အဓိကလူမှာ များများစားစား မသောက်ရပဲ သူသည်သာ မူးသွားရသည်။ သူတို့ ပြန်ထွက်လာချိန်တွင် ပေ့မင်းဖန်က ဟော့ရှီးအား ပခုံးဖက်ရင်း လက်ဆွဲထားရင်း ကြိမ်ဖန်တလဲလဲ ရေရွတ်သည်။

"မင်းတို့ ချစ်သွားလို့မရဘူး၊ မင်း ချစ်သွားလို့မရဘူး... ငါတို့ ချောင်ချောင်က အခုမှ အောင်မြင်ကာစရှိသေးတာ၊ မင်း သူ့ကို ဆွဲဆောင်မှာကို ခွင့်မပြုနိုင်ဘူး"

ရှန့်ချောင်က သူ့အား လှမ်းဆူသည်။

"အရက်မူးပြီး ဘာတွေ လျှောက်ပြောနေတာလဲ!!"

ပေ့မင်းဖန် - "ချစ်ကြိုက်တယ်ဆိုတာ ခဏတာ စိတ်လှုက်ရှားရုံပဲ၊ အဲ့ဒါက လူထုဆက်သွယ်ရေးအတွက် သချိုင်းပဲ၊ နာမည်ကြီးနဲ့ ချစ်ကြိုက်တယ်ဆိုတာ သုဿန်ကို တန်းသွားတာပဲ!!"

GTKWF (Myanmar Translation )Where stories live. Discover now