Chapter 93.1

Beginne am Anfang
                                    

ဟော့ရှီးက တည်တည်ငြိမ်ငြိမ် အငြင်းစကားဆိုနေဆဲ။

"လီယောင် ဒါမှမဟုတ် ကျယ်ကျောက်ကို ရှာရင်ရော?"

"ငါ ဒီစကားပျံ့သွားမှာကို မကြောက်ဘူး၊ ရှောင်ရှီး၊ မင်းကလွဲပြီး ကျွင့်ယီးရဲ့ ပွဲကို ထိန်းနိုင်မယ့်သူ မရှိဘူး၊ဒီပွဲက ဘာအဓိပ္ပါယ်မှန်း မင်းလည်း သိသားပဲ၊ စတိတ်အပြင်အဆင်ကစပြီး တီးဝိုင်းအဖွဲ့သားထိ အကုန်လုံးက ထိပ်တန်းအနုပညာရှင်တွေချည်းပဲ၊ ပြည်တွင်းရော ပြည်ပမှာပါ ထုတ်လွှင့်ဖို့ စီစဉ်ထားတဲ့ ပလက်ဖောင်းအားလုံးကလည်း ထိပ်တန်းပဲ၊ ကျွင့်ယီး တက်မယ်ဆိုတဲ့ သတင်းက ပျံ့နေပြီးသား၊ ဒါပေမယ့် တရားဝင် မကြော်ငြာရသေးဘူး၊ မင်းကလွဲပြီး ဘယ်သူမှ ဒီအခြေအနေကို မထိန်းနိုင်ဘူး၊ ဒီပွဲကို တက်ပေးပါ"

ဖုန်းထဲမှ စကားသံမှာ ဘာကိုဆိုလိုမှန်း ရှန့်ချောင် နားလည်သည်။

ကမ္ဘာ့အနှံ့အပြား နှစ်စဉ်ကျင်းပလေ့ရှိသည့် Fashion Star ပွဲတော်အကြောင်း သူမသိသည်။ ထိုပွဲမှာ ဖက်ရှင်လောကတစ်ခုလုံး၏ ပွဲတော်ဖြစ်ပြီး ကွဲပြားသည့် နိုင်ငံများ၌ နှစ်စဉ်ကျင်းပလေ့ရှိပြီး နာမည်ကျော် ပြည်တွင်းအနုပညာရှင်များမှာ ဖွင့်ပွဲအခမ်းအနားတွင် ဖြေဖျော်ရန် ဖိတ်ကြားခံရလေ့ရှိသည်။

ယခုနှစ်ပွဲအား ရှန့်ဟိုင်တွင် ကျင်းပမည်ဖြစ်ပြီး ပွဲစီစဉ်သူ အရင်ဆုံး ဆက်သွယ်ဖိတ်ကြားထားသူမှာ ရှန်ကျွင့်ယီးဖြစ်သည်။ အစ်မကျူးက ဖုန်းထဲမှ ပြောသည်မှာ ရှန်ကျွင့်ယီးက နာရေးအတွက် ဇာတိမြေကို ပြန်သွားသည်ဟူ၍။ ဖြစ်နိုင်သည်မှာ သူ၍ ဆွေမျိုးများထဲမှ တစ်ယောက်ယောက် ကွယ်လွန်သွားခြင်း။

အစ်မ ကျူး ပြောသည်မှာ မှန်၏။

ရှန်ကျွင့်ယီး၏ ပရိသတ်အင်အားကို ထိန်းချုပ်ရယူနိုင်သူမှာ ဟော့ရှီးသာ ရှိသည်။ အကယ်၍ တခြားအနုပညာရှင်သာဖြစ်လျှင် ကြည့်ရှုသူများက လက်မှတ်ဝယ်မည်မဟုတ်ပေ။

သူ ဖုန်းဖြေနေစဉ်တွင် ရှန့်ချောင်က သူမဖုန်းကို ထုတ်ယူကာ ထိုအကြောင်းအား ရှာဖွေလိုက်သည်။ ကျိန်းသေပေါက် လူတိုင်းက ဖွင့်ပွဲအခမ်းအနားတွင် ရှန်ကျွင့်ယီး ပါဝင်ဖျော်ဖြေမည့်အကြောင်းအား ပြောဆိုနေကြသည်။ လက်မှတ်များမှာ နည်းလမ်းပေါင်းစုံဖြင့် အရောင်းအဝယ်ဖြစ်နေကြသော်လည်း တရားဝင်ချန်နယ်ကမူ ကြေညာထားခြင်းမရှိပေ။

GTKWF (Myanmar Translation )Wo Geschichten leben. Entdecke jetzt