"မင်း အထဲမှာ ဘာလုပ်နေတာလဲ? ထွက်လာခဲ့!"

ဝူး ဝူး ဝူး... အိုင်ဒေါလ်က သူမနဲ့ စာရင်းရှင်းချင်နေပြီ!!

သူက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့တော့ တရားမစွဲလောက်ဘူးမလား? အမေရေ! ငါ မှားတာ သိပါပြီ။

ရှန့်ချောင် ပါးစပ်အုပ်လျက်သားဖြင့် လှုပ်ပင်မလှုပ်ရဲချေ။ အကြိမ်ရေအနည်းငယ်မျှ တံခါးခေါက်သံ ပေါ်ထွက်လာကာ ဟော့ရှီးက အံကြိတ်သံဖြင့်

"ရှန့်ချောင်၊ မင်း အပြင်ထွက်လာခဲ့!"

ရှန့်ချောင် တစ်ကိုယ်လုံး အေးခဲသွားရပြီး တံခါးရှိရာဆီ တိုးကပ်သွားသည်။ သို့သော် သူမ တံခါးမဖွင့်ရဲသေးချေ။ ထို့ကြောင့် တံခါးနားကပ်ကာ

"ဟော့ရှီး တောင်းပန်ပါတယ်၊ ကျွန်မ မရည်ရွယ်ပါဘူး၊ ကျွန်မ အသိစိတ်လွတ်သွားတာပါ၊ ခြင်ကိုက်တယ်လို့ပဲ သဘောထားပေးလို့ မရဘူးလား? နောက်ထပ် ဘယ်တော့မှ ထပ်မလုပ်ရဲတော့ပါဘူး"

တံခါးအပြင်ဘက်တွင် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားသည်။

ရှန့်ချောင် ရှိုက်လိုက်ရင်း

"နောင်ကျရင် ရှင့်ရဲ့ ချောမောမှုကို ပိုပြီး ခံနိုင်ရည်ရှိအောင် ကြိုးစားပါ့မယ်၊ ဒီနေ့လို အမှားမျိုး ထပ်မလုပ်တော့ပါဘူး၊ ကျွန်မ မှားသွားပါတယ်၊ ခွင့်လွှတ်ပေးပါနော်၊ ဘာမှမဖြစ်ခဲ့ဖူးလို့ သဘောထားပေးလို့ မရဘူးလား?"

ဟော့ရှီး - "......"

ခဏအကြာတွင် သူ့စကားသံကို သူမ ကြားလိုက်ရသည်။

"ထားလိုက်တော့"

ထားလိုက်တော့? ဆိုလိုတာက သူမကို အပြစ်မတင်တော့ဘူးပေါ့?

ရှန့်ချောင် - "ဟော့ရှီး ရှင်က အရမ်းသဘောကောင်းတာပဲ!"

ဟော့ရှီး - "မင်း ထွက်လာလို့ ရပြီလား?"

သူမမျက်နှာထက် အပြုံးတစ်ခုချိတ်ဆွဲကာ တံခါးဖွင့်လာသည်။ တံခါးအပြင်ဘက်ရှိ မကျေမချမ်းဖြစ်နေသည့်မျက်နှာနှင့် လူထံ တစ်ချက်မျှလှမ်းကြည့်ပြီးနောက် ရှန့်ချောင် ပခုံးကျုံ့ကာ ခေါင်းမော့ရင်း ရယ်ပြလိုက်သည်။ ထို့နောက် သူမအကြည့်တို့က ယခုလေးတင် နမ်းခဲ့မိသည့် လည်ဇလုတ်ရှိရာဆီ ဝေ့ဝဲသွားကာ ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားရပြီး မီးဖိုခန်းဆီ ပြေးသွားသည်။

GTKWF (Myanmar Translation )Where stories live. Discover now