Epic (1)

816 7 0
                                    

Unicode

"သမီးရေထတော့.. 7နာရီထိုးနေပြီ၊ဒီနေ့အသင်းနေ့မလား..ပြီးမှ မေမေက လာမနှိုးဘူးမပြောနဲ့"

ဒေါ်ယမင်းအပေါ်ထပ်က သမီးဖြစ်သူကိုနှိုးနေတာ အခုထိမထသေးဘူး မနေ့ညကဘယ်ချိန်မှအိပ်လဲမသိ

"ဒီကလေးနဲ့တော့အသက်က16ပြည့်တော့မယ် 10တန်းတက်နေတာကို ပေါ့ပေါ့လျော့လျော့နဲ့"

"တိမ်လွှာရေ.......မထသေးဘူးလား အခုထိ"

"ထပြီ...မေမေရေ ထပြီဗျို့...."

တိမ်လွှာလည်းအသာကုန်အော်ပြီး အခုမှ အိပ်ယာပေါ်ကနေ မြန်မြန်ထရသည် အခန်းထဲကနာရီကြည့်လိုက်တော့ 7နာရီခွဲနေပြီ

"ဟာ...သွားပါပြီ ဒီနေ့အသင်းနေ့ကို "

ပါးစပ်ကနေရေရွှတ်ရင်း ကျောင်းသွားဖို့ပြင်ဆင်ရတော့သည်။ "အသင်းနေ့မို့ စောစောသွားမယ်လုပ်ထားကာမှ အိပ်ယာထနောက်ကျရတယ်လို့ တိမ်လွှာရေ လုပ်လိုက်ရင်တော့ တလွဲကြည့်ဘဲ" ကိုယ့်ကိုယ်ကိုယ်သာကျိန်ဆဲ နေတော့တယ်
မျက်နှာမြန်မြန်သစ်ကာ ကျောင်းသွားတိုင်းပြင်ဆင်နေကျအတိုင်းPowderလေးပုတ်ပြီးနှုတ်ခမ်းနီလေးဆိုးလိုက်သည်၊

ကျောင်းuniformလဲကာ တိမ်လွှာလွယ်အိတ်လွယ်ပြီး ဆင်းလာတော့ အောက်မှာမေမေက စောင့်နေလေရဲ့ အိမ်ရှေ့ကြည့်တော့လဲ ကျောင်းသွားတိုင်းစီနေကြ clickဆိုင်ကယ်အဖြူလေးက အဆင်သင့်။

"ဟီးဟီး.. အဲ့ကြောင့်ချစ်တာ အိုမားကို မွ. ."

"အမလေး အဲ့လိုနဲ့ လုပ်စားနေတာ"

"မဟုတ်ပါဘူး...တိမ်လွှာဒီနေ့ စောစောသွားရမှာ မေမေရဲ့... သွားပြီနော် မေမေရေbye bye "

နှိုးတုန်းကမထဘဲ အခုမှပျာယာခတ်နေတဲ့သမီးဖြစ်သူကို ဒေါ်ယမင်းလဲမနိုင် သမီးလေးတစ်ယောက်ထဲရှိလို့သာ အလိုလိုက်ထားရတာ

8နာရီထိုးတော့မှာမို့မေမေကို နှုတ်ဆက်ကာ ကျောင်းကိုမြန်မြန်ပြေးရတော့သည်
ကျောင်းနဲ့အိမ်နဲ့က မဝေးပါဘူးဆိုရင်တောင် 5မိနစ်ကျော်ကျော်လောက်မောင်းရသည် ၊တိမ်လွှာတို့ကျောင်းက private high school မလို့ ကျောင်းတက်ချိန်က အခြားကျောင်းတွေနဲ့မတူ 8:15ဆိုကျောင်းတက်ပြီ ၊ အသင်းကျတဲ့နေ့ဆို 8နာရီမထိုးခင်အရောက်လာပြီး အခန်းသန့်ရှင်းရေးလုပ်ရသည်
တိမ်လွှာက အတန်းခေါင်းဆောင်မို့ပိုဆိုးသည်

=EqualWhere stories live. Discover now