ဟော့ရှီးက သူမစိတ်ကြိုက်ကြည့်ခွင့်ပြုထားကာ ဦးထုပ်စွန်း၏အရိပ်က နှာဖျားနားထိ ကျရောက်နေကာ မျက်နှာသွင်ပြင်တခုလုံးကို အေးစက်စက်ဖြင့် ချောမောနေစေသည်။

ရှန့်ချောင်၏ ဖန်ဂဲလ်စိတ်လေးမှာ လုံးဝဥဿုံဆွဲဆောင်ခြင်း ခံလိုက်ရပြီး အချိန်အတော်ကြာကြည့်ပြီးချိန်မှ ခပ်တိုးတိုးမေးလိုက်သည်။

"ဟော့ရှီး နင်အေးလား?"

ကားတစ်စီးဝင်လာကာ လေပွေတစ်ခုကို သယ်ဆောင်လာသည်။ နွေဦးရာသီရောက်လာသည့်တိုင် လေထုကား အေးစက်ဆဲပင်။ သူမက လေတိုက်ခတ်ခြင်းခံလိုက်ရကာ တုန်တက်သွားရသဖြင့် နောက်ဆုံးတွင် သူမဦးနှောက်က စတင်တုံ့ပြန်လာသည်။

ဟော့ရှီး - "အင်း အေးတယ်"

ရှန့်ချောင် ချက်ချင်းပင် စိတ်တည်ငြိမ်သွားသည်။

"ဒါဆို နင် ကားဆီ ပြန်သွားတော့လေ! နောက်ခါ နင် အပြင်ထွက်ရင် အဝတ်ထူထူဝတ်၊ အအေးမမိစေနဲ့!"

ဟော့ရှီးက သူမကို တိတ်တဆိတ် စိုက်ကြည့်နေသည်။

ရှန့်ချောင်က ဘယ်ညာလှည့်ကြည့်ကာ စိုးရိမ်စိတ်ဖြင့် ရှေ့ခြေနှစ်လှမ်းတိုးလိုက်ပြီး လေအေးကို ကွယ်ကာ ရပ်လိုက်သည်။

"အခုရော? ပိုကောင်းသွားလား?"

ဟော့ရှီး - "ရေနည်းနည်းဆာလို့၊ ရေနွေး သောက်ချင်တယ်"

ရှန့်ချောင်၏ ဦးနှောက်မှာ အလျှင်အမြန်အလုပ်လုပ်လာသည်။

(ဒီမနက် သူမအိမ်က ထွက်တုန်းက အခန်းသန့်ရှင်းရေး လုပ်ခဲ့ရလား? အမှိုက်ပစ်ခဲ့မိလား? သူမခြေအိတ်တွေ ဆိုဖာပေါ်တော့ ရောက်မနေဘူးမလား?)

တစ်ခေါက်မျှ ပြန်လည်အတည်ပြုပြီးမှသာ သူမ ဂရုတစိုက်ဖြင့် မေးလိုက်သည်။

"ဒါဆို ငါ့အိမ်ပေါ်တက်ပြီး ခဏနားပြီး ရေနွေးသောက်ချင်လား?"

နောက်ဆုံးတွင် ဟော့ရှီး ပြုံးလိုက်သည်။

"အင်း"

(T/N: အိမ်ပေါ်တက်ချင်လို့ သူ ပလီတာ)

နှစ်ယောက်သား ဓါတ်လှေကားထဲ ဝင်လိုက်သည်။

GTKWF (Myanmar Translation )Where stories live. Discover now