ရှန့်ချောင်ကိုယ်တိုင်ပင် ယွမ် ၂၀၀၀ ရံပုံငွေ မတည်သည်။

(ယွမ် ၂၀၀၀ = $270 ကျော်)

သိပ်မကြာခင်မှာပင် ပရိုဂရမ်၏ ပထမပိုင်းအတွက် ကြိုတင်ရိုက်ကူးရမည့်နေ့ဆီ ရောက်ရှိလာသည်။

အကဲဖြတ်ဒိုင်များနှင့် ယှဉ်ပြိုင်သူများပါ စောစောရောက်ရှိရန်လိုကာ မနက်ပိုင်းတွင် အစမ်းလေ့ကျင့်ပြီး နေ့ခင်းပိုင်းတွင် ရိုက်ကူးသည်။ ရှန့်ချောင် ရောက်ရှိလာချိန်တွင် ယှဉ်ပြိုင်သူများ အစမ်းလေ့ကျင့်နှင့်ပြီးဖြစ်ကာ ဒိုင်များ နားနေခန်းတွင် စတိတ်စင်ပေါ်မှ မြင်ကွင်းကို ကြည့်ရှုနိုင်ရန် ကြီးမားသည့် ဖန်သားပြင် တပ်ဆင်ထားသည်။ သီချင်းရေးသူ၊ အဆိုတော် ဝေ့ဟယ့်သုန်းနှင့် အဆိုတော် ယဲ့ထုန်တို့ ရောက်နှင့်ပြီးဖြစ်ကာ ဆိုဖာပေါ်ထိုင်ရင်း ပြိုင်ပွဲဝင်များ၏ အစမ်းလေ့ကျင့်မှုကို ကြည့်ရှုကာ မကြာခဏ မှတ်ချက်ပြုနေသည်။

ရှန့်ချောင် ဝင်လာပြီးနောက် တစ်ဦးချင်းစီ လိုက်လံနှုတ်ဆက်သည်။ သူတို့အားလုံးက အနုပညာလောကမှ စီနီယာများဖြစ်ကာ ဂျူနီယာက စီနီယာများကို နှုတ်ဆက်ခြင်းမှာ ကောင်းမွန်သည့် လောကဝတ်ဖြစ်သည်။ ယဲ့ထုန်က မိန်းကလေးအဖွဲ့ဝင်ဖြစ်ပြီး သူမပုံစံက ဆွဲဆောင်မှုရှိကာ သူမ၏ အရှိန်အဝါမှာ အားကောင်းသည်။ ယဲ့ထုန်က အပြုံးဖြင့်

"ရှောင်ချောင်၊ နင် ပြိုင်ပွဲဝင်တွေကို မြန်မြန်လာကြည့်၊ ကြိုတင်ပြီး နင့်အမြင်ကို ကြည့်ထားတော့ ရိုက်ကူးတဲ့အချိန်ကျရင် ဘယ်လိုမှတ်ချက်ပေးမလဲ စဉ်းစားထားလို့ ရတာပေါ့"

ရှန့်ချောင် ပြန်ဖြေလိုက်ပြီး ယဲ့ထုန်ဘေးထိုင်လိုက်သည်။ တီဗီဖန်သားပြင်ပေါ်တွင် ယှဉ်ပြိုင်သူတစ်ယောက်က ခံစားချက်အပြည့်ဖြင့် သီဆိုနေသည်။

ဝေ့ဟယ့်သုန်း - "သူ့အသက်ရှူသံက သိပ်မငြိမ်ဘူး၊ ဒါပေမဲ့ အသံကတော့ မဆိုးဘူး"

သူ့လက်ထဲရှိ စာရင်းထဲ ခေါင်းမြုပ်ကာ ရေးမှတ်ရင်း သူဆိုနေခြင်းဖြစ်သည်။

ပရိုဂရမ်အဖွဲ့က ရှန့်ချောင်ဆီ ပြိုင်ပွဲဝင် အယောက်တစ်ရာစာရင်းကို ကမ်းပေးလာသည်။ သူတို့၏ သက်ဆိုင်ရာသတင်းအချက်အလက်ကို ရှင်းရှင်းလင်းလင်းဖော်ပြထားကာ အချို့ ပြိုင်ပွဲဝင်များ၏ နာမည်ဘေးတွင် ခရေပွင့်(*) ဖြင့် အမှတ်အသားပြုထားသည်။

GTKWF (Myanmar Translation )Where stories live. Discover now