ကုမ္ပဏီအဆောက်အဦးရှိရာဆီ ရောက်ရှိလာချိန်တွင် ပေ့မင်းဖန်က ကားပါကင်ရှိ ဓါတ်လှေကားဝင်ပေါက်တွင် ဝတ်စုံပြည့်ဖြင့် ပေါ်လာကာ သူမကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြိုဆိုသည်။ သူမကို နှုတ်ဆက်ပြီးသည်နှင့် ရှန့်ချောင်ကို ၁၂လွှာရှိ ရုံးခန်းဆီ ဦးဆောင်ခေါ်သွားသည်။

စားပွဲပေါ်တွင် စာချုပ်မိတ္တူသုံးစောင်ကူးထားနှင့်ပြီးဖြစ်ပြီး ပေ့မင်းဖန်က သူမအတွက် လက်ဖက်ရည်သွားဖျော်သည်။ ရှန့်ချောင် စာချုပ်ကို ဂရုတစိုက် ဖတ်ရှုလိုက်ပြီး သူမတောင်းဆိုထားသည့်အချက်အလက်များကို အပိုဒ်ခွဲသဘောတူညီချက်အောက်တွင် ထည့်သွင်းထားခြင်း မှန်ကန်ကြောင်းစစ်ဆေးပြီးနောက် ဘောပင်ယူ၍ လက်မှတ်ထိုးလိုက်ပြီး လက်ဗွေနှိပ်သည်။

ပေ့မင်းဖန်က သူမထံ လက်ကမ်းပေးလာသည်။

"ရှောင်ချောင်၊ အကျိုးတူပူးပေါင်းခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်"

သူ ဖုန်းခေါ်လိုက်ပြီး စာချုပ်ချုပ်ဆိုခြင်းကို အတည်ပြုလိုက်ပြီးနောက် သူမဘက် လှည့်လာသည်။

"ကုမ္ပဏီရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်က စာချုပ်ချုပ်တဲ့အကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်ထားတယ်၊ နင်လဲ ကိုယ်ပိုင် Weibo ပေါ် ပြန်တင်လို့ရတယ်"

ရှန့်ချောင် ဖုန်းထုတ်၍ log in ဝင်လိုက်ပြီး သူမက ပထမဦးစွာ ပိုစ့်ပြန်တင်လိုက်ကာ သူမ၏ အကောင့် status ကို ပြောင်းလဲလိုက်သည်။ သူမ ကမ္ဘာသစ်ထဲ ရောက်ရှိပြီဖြစ်ကြောင်းနှင့် သူမပရိသတ်များ၏ အဆက်မပြတ်ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း စာပိုဒ်ကိုပါ တည်းဖြတ်တင်လိုက်သည်။

ပေ့မင်းဖန်က သူ့ဖုန်းကို ကြည့်ရင်း ပြုံးသည်။

"မင်းရဲ့ ပရိသတ်အဖွဲ့က အတော်လေး ကောင်းတာပဲ၊ ငါ ဥက္ကဌကို ဆက်သွယ်လိုက်မယ်၊ ပထမဆုံး မင်းရဲ့ တရားဝင်ပရိသတ်အဖွဲ့အကောင့်ကို ပြန်ယူပြီး ပရော်ဖက်ရှင်နယ်တစ်ယောက်ကို ကိုင်တွယ်ခိုင်းလိုက်မယ်၊ ဘယ်လိုပဲပြောပြော ပရိသတ်ဆိုတာက တည်ငြိမ်တာမဟုတ်တော့ တရားဝင်ဖန်ဒမ်းအကောင့်ကို ငါတို့ ကိုင်ထားတာ ပိုကောင်းတယ်"

GTKWF (Myanmar Translation )Where stories live. Discover now