ပရိသတ်တစ်ယောက်က ချက်ချင်း သူမထံ စာပြန်လာသည်။

[နောက်မှ မလုပ်နဲ့၊ အခု မဲပေးတော့၊ Live Search ရဲ့ ထိပ်တန်း ၁၀နေရာမှာ ငါတို့ အချစ်ကလေးက တတိယနေရာကို ကျသွားပြီ!!]

ဘာ! တတိယနေရာ? ဒီလို ဖြစ်လို့ မရဘူး!!

သူမထံ ပရိသတ်တစ်ယောက်ပို့လာတဲ့ လင့်ခ်ကို ရှန့်ချောင် ချက်ချင်းနှိပ်လိုက်သည်။ မျှော်လင့်ထားသလိုပင် ဟော့ရှီး၏ ဓါတ်ပုံမှာ တတိယနေရာတွင် တည်ရှိသည်။ ပထမနေရာတွင် အင်တာတိန်းမန့်လောက၏ နောက်ထပ်တောင်တစ်လုံးဖြစ်သည့် ရှန်ကျွင့်ယီး ဖြစ်ပြီး ဒုတိယနေရာတွင်မူ အဆိုအကနတ်ဘုရားမ ကျောင်းယွီဖြစ်သည်။ ဒီလူနှစ်ယောက်၏ နာမည်ကျော်ကြားမှု အရှိန်အဝါမှာ ဟော့ရှီးနှင့် တန်းတူညီမျှဖြစ်ကာ ထိပ်ဆုံးနေရာတွင် ကြုံရချိန်တိုင်း သေရေးရှင်ရေးတိုက်ပွဲပင်။

ဒီဇယားကား အရေးကြီးလှပြီး နောက်နှစ်၏ အကျော်ကြားဆုံး ဆုနှင့် သက်ဆိုင်သည်။ ကိုယ်တိုင်ကိုယ်ကျ မဲပေးခြင်းမှ လွဲ၍ မဲအရေအတွက်ကို ပိုက်ဆံဖြင့် ပေးဝယ်၍ မရချေ။ မဲပေးရာစာမျက်နှာပေါ်တွင် ၂မိနစ်စောင့်ဆိုင်းခြင်းဖြင့် မဲပေးခွင့် ၁၀ကြိမ် ရရှိမည်ဖြစ်ပြီး ထိုအချက်ကြောင့် ပရိသတ်များစွာက ထိုနေရာတွင် တနေကုန်အချိန်ဖြုန်းလေ့ရှိသည်။

ဟော့ရှီးက ယနေ့တွင် ရှိုးပွဲကျင်းပခဲ့ပြီး ရှီးကွမ်းအားလုံး ရှိုးပွဲဆီ ရောက်ရှိနေကာ ရှိုးပွဲကြောင့် လူတိုင်း အာရုံထွေပြားသွားရပြီး မဲအရေအတွက်မှာ မကြာခင်ပင် တောင်နှစ်လုံး၏ ဖိနှိပ်မှုကို ခံလိုက်ရသည်။

စကားတစ်ခွန်းမှ မဆိုတော့ပဲ ရှန့်ချောင်က မဲပေးခြင်းကို စတင်လိုက်သည်။

ထိုညတစ်ညလုံး မဲပေးလိုက်သည်။

သူမ တကယ့်ကို သူမကိုယ်သူမ မထိန်းချုပ်နိုင်ပေ။ နောက်တကြိမ် မဲပေးပြီးလျှင် သူမ အိပ်တော့မည်ဟု တွေးထားပေမဲ့ နှစ်မိနစ်ပြည့်သွားလျှင် သူမ ထပ်မံမဲပေးလိုက်သည်၊ ဒါက စက်ဝန်းပမာဖြစ်လာကာ နှစ်မိနစ်ပြည့်သည်နှင့် သူမက ထပ်မံ မဲပေးသည်။

ထိုမျှသာမက မဲအရေအတွက်မှာ တချိန်လုံး အသစ်ပြင်နေကာ သူမသာ မဲမပေးလျှင် လိုက်မမှီနိုင်တော့မှာ စိုးရိမ်သည်။

GTKWF (Myanmar Translation )Where stories live. Discover now