ရှန့်ချောင် မျက်လုံးပွင့်လာကာ ခေါင်းကို ပွတ်သပ်လိုက်ရင်း ခပ်အက်အက်လေသံဖြင့်

"ရှောင်ပိုင်၊ ငါ ရေသောက်ချင်တယ်"

ဟော့ရှီး ဘေးဖက်ဆီ လျှောက်သွားကာ ရေငှဲ့လိုက်ပြီးသူမဆီ ဦးတည်လျှောက်သွားကာ ကုတင်ဘေးစားပွဲပေါ် တင်လိုက်ပြီးနောက် ဖွဖွဆိုသည်။

"နည်းနည်းပူတယ်၊ မသောက်ခင် နည်းနည်းအအေးခံလိုက်"

ကုတင်ပေါ်မှ ထရန် ရုန်းကန်နေသည့် ရှန့်ချောင်က ပြန်ပြုတ်ကျသွားသည်။

သူမ ခေါင်းမငှဲ့လာခင် အချိန်အတော်ယူပြီးမှ ဟော့ရှီးက သူမကုတင်ဘေးတွင် လက်ပိုက်လျက်သားရပ်နေသည်ကို မြင်လိုက်သည်။ သူမ မျက်တောင်ခတ်လိုက်ကာ ထပ်မံမျက်တောင်ခတ်လိုက်ပြီးနောက် အလွန်အမင်းစိတ်ရှုပ်ထွေးနေဟန်က သူမမျက်နှာပေါ် အတိုင်းသား ပေါ်ထွက်လာသည်။

{ငါနဲ့ မထိုက်တန်ဘူး} ဟူသောစကားက သူမ၏ ခံစားချက်ကို ဖော်ပြရန်မစွမ်းသာတော့သဖြင့် သူမက {ငါ့မှာ အပြစ်ရှိတယ်} ဟူသောစကားကို ပြောင်းလဲ သုံးရတော့မည်။

သူမ ထိုင်လိုက်ကာ ဆံပင်သပ်လိုက်ပြီးနောက် ခပ်သေးသေးလေသံဖြင့် မေးလိုက်သည်။

"ဟော့ရှီး ရှင်ဒီကို ဘယ်လိုရောက်နေတာလဲ?"

"ဒီမှာ လုပ်စရာ ကိစ္စရှိတာနဲ့ ရောက်နေတာ၊ လမ်းကြုံတာနဲ့ မင်းကို ဝင်ကြည့်တာ"

(T/N: နှစ်နာရီကားမောင်းလာရသော ဒရိုင်ဘာ - လမ်းကြုံလို့တဲ့လား 🥲)

သူမ ရေဖန်ခွက်ကို ကိုင်ကာ တဖူးဖူးမှုတ်ရင်း ခေါင်းညိတ်လိုက်သည်။ ရေတငုံမျှ သောက်လိုက်ပြီးနောက်

"ကျွန်မ အဆင်ပြေပါတယ်၊ ဒါပေမဲ့ မနက်ဖြန်တော့ ဆေးရုံဆင်းလို့ မရသေးဘူး၊ ရှင် စောစောပြန်လေ၊ ဆေးရုံဆိုတာ ကောင်းတာမဟုတ်ဘူး၊ ဒီမှာ အကြာကြီးမနေနဲ့"

ရှန့်ချောင်က သူ့အား ဘဝတစ်လျှောက်လုံး ကျန်းမာကာ အပူအပင်ကင်းစေလိုပြီး တစ်ဘဝလုံး ဆေးရုံသွားရသည့်ကိစ္စမျိုး မဖြစ်စေလိုပေ။

ဟော့ရှီးက သူမအား ထူးမခြားနားစွာ ကြည့်လိုက်သည်။

"နောက်ကျ မင်းဖျားရင် ဆေးကုဖို့ အချိန်မှီပြော၊ သည်းခံနေစရာမလိုဘူး"

GTKWF (Myanmar Translation )Where stories live. Discover now