"ချောင်ချောင်၊ ငါ အိုင်ယာလန်က ရာသီဥတုကို ကြည့်လိုက်တော့ မနက်ပိုင်းနဲ့ ညနေပိုင်းဆို ပိုအေးတယ်တဲ့၊ အဲ့ဒါကြောင့် ငါ နင့်အတွက် ရေနွေးအိတ်ပြင်လာပေးတယ်၊ နင်နဲ့ အတူယူသွား၊ တကယ်လို့ အေးရင် သုံးနော်၊ မဖျားစေနဲ့!"

ရှန့်ချောင် သူမကို ကြည့်ကာ ပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ငါကောင်းကောင်းသုံးပါ့မယ်"

ပရိသတ်ငယ်လေးမှာ ရှက်သွေးဖြာသွားကာ ဘေးကပ်ရပ်လိုက်သည်။

ဖန်းပိုင်က လိုအပ်သည်များ လုပ်ပြီးသည်နှင့် ရှန့်ချောင် လုံခြုံရေးဂိတ်ကို ဖြတ်လိုက်သည်။ ပရိသတ်များက သူမနောက် ဆက်မလိုက်နိုင်တော့ပဲ အပြင်တွင် မတ်တပ်ရပ်ကာ သူမကို စောင့်ကြည့်သည်။ ရှန့်ချောင် နောက်ပြန်လှည့်ကြည့်ကာ သူတို့ထံ လက်ဝှေ့ရမ်းပြလိုက်သည်။

"မြန်မြန်ပြန်တော့၊ လမ်းမှာ ဂရုစိုက်!!"

"ချောင်ချောင်၊ ဘိုင့်ဘိုင့်!"

"နင်ပြန်လာတာ ငါတို့စောင့်နေမယ်!"

....

....

သူမထိုင်ခုံမှာ ပုံမှန်တန်းတွင်ဖြစ်သည်။ ရှန့်ချောင်က ဦးထုပ်ဆောင်းထားပြီး Mask တပ်ထားသဖြင့် မည်သူမှ မမှတ်မိချေ။ သူမက ပြတင်းပေါက်နားတွင် ထိုင်ကာ ဖန်းပိုင်က သူမဘေးတွင် ထိုင်ရင်း ခပ်တိုးတိုးဆိုလိုက်သည်။

"ဆယ့်လေးနာရီတောင် လေယာဉ်စီးရမှာ၊ ခရီးတဝက်ကျရင် Transit ရှိသေးတယ်၊ ဒီလောက်ပင်ပန်းတဲ့ အချိန်ဇယားအတွက် အစ်မကို Economy မှာ ထိုင်ခိုင်းတာ ရှက်ဖို့ကောင်းလိုက်တာ"

အချိန်အတော်ကြာ ကွန်ပလိန်းတက်ပြီးသည့်တိုင် သူမဆီမှ တုံ့ပြန်မလာသည်မို့ သူ လှည့်ကြည့်လိုက်သည်။ ရှန့်ချောင်က ရေနွေးအိတ်ကို ကြည့်ရင်း အရူးတစ်ယောက်လို ပြုံးနေသည်။

လေယာဉ်အချိန်အတိအကျ စတင်ထွက်ခွါသည်နှင့် လေယာဉ်မယ်ဆီမှ ရှန့်ချောင် စောင်တောင်းလိုက်သည်။ သူမထိုင်နေပုံကို ပြင်လိုက်ပြီးနောက် အိပ်ဖို့ ပြင်တော့သည်။ ဖန်းပိုင် သူမကို စိုက်ကြည့်လိုက်ကာ သက်ပြင်းချရင်း မေးသည်။

GTKWF (Myanmar Translation )Where stories live. Discover now