"သူ(မ)ကို အချိန်မပေးနဲ့၊ မြန်မြန် အထဲပို့လိုက်တော့"

ဒါရိုက်တာက နားကြပ်ထဲမှတဆင့် အကြောင်းကြားသည်။

အခမ်းအနားမှူးက ရယ်မောလျက်ပင်

"ဟားဟား၊ ရှန့်ချောင်က တကယ် နှိမ့်ချတတ်တာပဲ၊ ကျွန်တော်တို့အားလုံးလဲ မင်းရဲ့တိုးတက်မှုတွေကို စောင့်ကြိုနေပါ့မယ်၊ နောက်မှ ထပ်တွေ့ရအောင်"

ရှန့်ချောင် ပြုံးလိုက်ကာ နောက်လှည့်ပြီး အထဲဝင်ဖို့ ပြင်သည်။

မည်သူအော်ဟစ်လိုက်မှန်း မသိသော အသံတစ်သံက မီဒီယာသမားများ၏ ဧရိယာမှ ပေါ်ထွက်လာသည်

"ရှန့်ချောင်!! ရှင်းယောင်ကုမ္ပဏီလို ကုမ္ပဏီကြီးနဲ့ ရန်သူတွေ ဖြစ်မှာ မင်းတကယ်မကြောက်ဘူးလား?"

သူမ ခြေလှမ်းတွေ တုံ့ဆိုင်းသွားပြီးနောက် အခမ်းအနားမှူးဆီ လက်ကမ်းလိုက်သည်။

"မိုက်ခရိုဖုန်း"

အခမ်းအနားမှူးက မိုက် မကမ်းပေးပဲ မနေနိုင်ချေ။ သူမ အပြုံးတပွင့်ဖြင့် ကျေးဇူးတင်စကားဆိုပြီးနောက် သတင်းသမားများဘက်လှည့်ကာ ဆိုသည်။

"အပြစ်ရှိတဲ့သူတွေကသာ ကြောက်ရမှာပါ၊ ကျွန်မအတွက် မလိုအပ်ဘူး၊ ကျွန်မက ဥပဒေကို ယုံကြည်ပြီး လူသားတွေရဲ့ ကိုယ်ချင်းစာစိတ်ကို ပိုယုံကြည်တယ်"

ထို့နောက် သူမကိုယ်သူမ လှောင်ရယ်နေဟန် နှုတ်ခမ်းတွေကို ကွေးညွတ်စေလိုက်သော်လည်း မျက်ဝန်းတို့က အေးခဲနေသည်။

"နောက်ပြီး ကြောက်ရွံ့တယ်ဆိုတဲ့ ဒီခံစားချက်ကို လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ကျွန်မ အကုန်သုံးခဲ့ပြီးပြီ"

နောက်ထပ်အနုပညာရှင်မှာ ဝင်ရောက်လာပြီဖြစ်ကာ ရှန့်ချောင် အခမ်းအနားမှူးဆီ မိုက်ခရိုဖုန်း ပြန်ကမ်းပေးပြီးနောက် ဂါဝန်မကာ ခန်းမထဲ ဝင်ရောက်သွားသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ကြည့်ဖို့ message ရလိုက်တဲ့ ကောင်းမေလင်က ဒီမြင်ကွင်းကို မြင်တွေ့ပြီးနောက် ဖုန်းကို နံရံဆီ ပစ်ပေါက်လိုက်သည်။ ဒေါသပုန်ထနေပြီးနောက် ကြိုးဖုန်းမှ ခပ်မြန်မြန်ဖုန်းခေါ်လိုက်သည်။

GTKWF (Myanmar Translation )Where stories live. Discover now