Part 44

192 26 12
                                    

"ဦး၊ဖြည်းဖြည်း ဆင်းနော်"

သျှားက ခုတင်ပေါ်မှ ဆင်းဖို့ပြင်နေသည့်
ဦးကို ကူပေးရင်းမှ ရင်တထိတ်ထိတ် ဖြစ်နေ
ရသည်။ထိခိုက်ဒဏ်ရာတွေ မပျောက်သေးသော
ခြေထောက်နုနုလေးကို ကြည့်ရင်း နည်းနည်း
လှုပ်လိုက်ရင်တောင် ဦးနာသွားမှာ စိုးရ၏။
ဦးကတော့ ကိုယ့်ခြေ ကိုယ့်လက်နဲ့ချည်း လုပ်လာ
ခဲ့တဲ့သူမို့ သူ့ကို ယုယတာမျိုး သိပ်မကြိုက်။
အခုလည်း သန့်စင်ခန်း ကိုယ်တိုင် ဝင်ချင်သည်
ဆိုတော့ သျှားမှာ လိုက်ပို့ဖို့ ပြင်ရပြန်၏။

"သျှား ကျောပေါ်ပဲ တက်လိုက်ပါလား"

ဦးက ခပ်ဟဟရယ်ပြီး သျှား ပြောသလိုပင်
သူ့ကျောပေါ် တွယ်တက်လာ၏။နူးအိနေသည့်
ဦး၏ ခန္ဓာကိုယ်လေးက သူ့ကျောနှင့် ထိကပ်
သွားသည့်အခါ သျှားရင်ထဲ အကောင်ပေါင်းစုံ
ပြေးသွားသလိုပင်။

"ဦး ရှူး'ထွက်ကျတော့မယ်နော် သျှား"

သူ ထိုအခါမှ အသိဝင်ကာ ဦးကို သန့်စင်ခန်းထဲ
လိုက်ပို့ရ၏။အထဲရောက်တော့ ပြဿနာသည်
ဦးမှာ စပြန်သည်။

လက်တစ်ဖက်က Arm sling နှင့်မို့ လှုပ်မရ။
ကျန်သည့် လက်ကလည်း မတ်တပ်ရပ်သည့်
အခါ လဲမသွားအောင် နံရံမှာ ထိန်းကိုင်ထားရ
သေး၏။

သျှားက ဦးကို ဘောင်းဘီချွတ်ပေးလိုက်သည်။
ဆေးရုံဘောင်းဘီလေးအာ ခြေထောက်အောက်
ပုံကျသွားသည်နှင့် အရှက်သည်းသော ဦးသင်္ဂါ
လှုပ်လှုပ်ရှားရှား စဖြစ်လာပြီ။

"သျှား...ဦး ကိုယ့်ဘာသာပဲ လုပ်မယ်။ဟိုဘက်...
ဟိုဘက်လှည့်နေ"

"ဟိုဘက်လှည့်နေလို့ ဘယ်လိုလုပ် ရမှာလဲ။
ဦးကို ထိန်းထားရဦးမယ်လေ။ပြီးတော့ လက်က
ကျွန်တော့်ကို မကိုင်ထားရင် လဲသွားမှာနော်"

"ရပါတယ်၊သျှားက ဦးကို ထိန်းပေးထား။
ဦးဘာသာ ကိုင်ပြီး..."

ပြောရင်း မျက်နှာလေးက ရဲလာ၏။မျက်မှန်
မပါဘဲ ဆံစတွေ မဖြီးမသင်နိုင်ရှာသော
ဦးသင်္ဂါက အခုတော့ တကယ့် ကလေးရုပ်လေး
လိုပင်။ဆီးသွားချင်လွန်းလို့ အောင့်ထားရပေမဲ့
လက်ပေါက်ကပ်နေသည့် သျှားကြောင့် သူ့မှာ
ဒုက္ခပိုရောက်နေရသည်။

Total Where stories live. Discover now