ပထမဆုံး ကသစ်ထံမှ ဖုန်းcallကို သင်္ဂါရလိုက်သည်။အပြေးအလွှားနှင့် ဖုန်းကိုင်ခဲ့ပေမဲ့
ကြားရသည့် သတင်းကတော့ ကောင်းမွန်မနေ။"ကသစ် ဒီနေ့ပဲ ထိုင်းသွားတော့မှာ ဖေဖေ။
အခု လေယာဉ်ကွင်းရောက်နေတယ်"သင်္ဂါ တုံ့ပြန်စရာ စကားတို့မရှိ။ကသစ်ကို
ခွင့်လည်း မပြုပေးချင်သလို၊ခွင့်မပြုပေးလို့
ကသစ်စိတ်ဆိုးမှာလည်း သူစိုးရိမ်နေသည်။
သူ့ဆီကနေ ရွှေရေးက ကသစ်ကို ဆွဲထုတ်ဖို့ ကြိုးစားနေချိန်မှာ သင်္ဂါ့ဘက်က မနှောင်ထားနိုင်
ဘူးဆိုရင်...."ဖေဖေ"
"အင်း။ဂရုစိုက်"
ထိုစကားသာပြောပြီး သူဖုန်းချလိုက်သည်။
ဘာပဲဖြစ်ဖြစ် ကသစ် နေသာထိုင်သာ ရှိသွား
လောက်မည်ဟု ထင်တာပင်။သူ့ကို နောက်ဆံတင်းတင်းနှင့် ဖုန်းလှမ်းဆက်ပေးတာပဲ ဝမ်းသာ
လှပြီ။သူထင်သလို မဟုတ်ဘဲ ကသစ်က သူ့ကို
ဖုန်းထပ်ခေါ်ပြန်သည်။သင်္ဂါ ကိုင်လိုက်တော့"ကသစ်ကို ကိုကိုရွှေရေးက ပြောစရာရှိတယ်လို့
ပြောတယ်။ပြီးတော့လေ ဒီဇာတ်လမ်းတွဲက
ကိုကိုရွှေရေး စပွန်ဆာပေးထားတာတဲ့"ကသစ် အသံက ချီတုံချတုံ ဖြစ်နေပုံပင်။သူမကို
အရည်အချင်းကြောင့် ရွေးတာ မဟုတ်ဘူးလို့
ထင်သွားပုံရပြီး ဒီအခွင့်အရေးကို လက်လွှတ်
ရမှာလည်း ကြောက်နေသည်ကို သင်္ဂါ သိလိုက်သည်။"အဲ့တော့ ကသစ် ဘာလုပ်ချင်လဲ။ဖေဖေ့ကိုပြော"
သူ့ဘက်ကို ရသလောက် ပြန်ဆွဲချင်သည့်အတွက်
လေသံအေးအေးဖြင့်ပင် သင်္ဂါမေးလိုက်သည်။
ကသစ်ကလည်း ဒီကိစ္စတွေ သင်္ဂါ သိနေပြီးသား
ဆိုတာ သိလိုက်တော့ ရှက်ပြီး အားနာသွားဟန်။"တောင်းပန်ပါတယ် ဖေဖေ။ကသစ် ..."
"အခု ပြန်လာမလား။ဖေဖေ လာကြိုမယ်"
ကသစ်သည် ချက်ချင်း ပြန်မဖြေနိုင်ခဲ့။လေဆိပ်ထိ ရောက်နေပြီဆိုမှတော့ အားလုံးက အဆင်သင့် ဖြစ်နေလေပြီ။သူမအတွက် အကုန်လုံးက အပင်ပန်းခံထားကြတာကို
ဒီလို မျက်နှာလွှဲခဲပစ် လုပ်လိုက်ဖို့ မသင့်တာမို့
YOU ARE READING
Total
Fantasyအမုန်းတွေရော၊အချစ်တွေကိုရော စုစုပေါင်း လိုက်တဲ့အခါ နာမည်လေးတစ်လုံး အဖြေထွက်လာခဲ့တယ်။ အမုန်းတွေရော၊အချစ်တွေကိုရော စုစုပေါင်း လိုက်တဲ့အခါ နာမည်လေးတစ်လုံး အဖြေထွက်လာခဲ့တယ်။