Part 1

868 54 5
                                    

(2011 ၏ မတ်လ....)

Taxiကားလေး တစ်စီး လမ်းထဲ ဝင်လာသည်မို့
ကလေးအုပ်စုသည်‌ လမ်းပေါ် ဆော့နေရာမှ
ဖယ်ပေးကာ ထိုကားလေးကို မျက်ခြေမပျက်
ကြည့်နေကြ၏။ကလေးသဘာဝ စပ်စပ်စုစုပင်
ကြည့်တာ ဖြစ်ပြီး ထိုကားက သူတို့ကိုလွန်သွားသော အခါ ပုံမှန်အတိုင်း ပြန်ကစား ကြသည်။

ဤရပ်ကွက်သည် ထူးခြားတာတော့ အမှန်ပင်။

ဆိတ်ငြိမ်ရပ်ကွက်ဖြစ်ပြီး တစ်လမ်းလုံးရှိ
အိမ်များသည် ရိုးရိုးရှင်းရှင်းပုံစံ‌လေး
ဆောက်ထားကာ ခြံစည်းရိုးများအားလုံးက
လူကျော်လို့ရသည့် သုံးပေသာသာ သစ်သားပြား
လေးများသာ ဖြစ်၏။အေးအေးလူလူ နေချင်သည့် လူချမ်းသာတွေတောင် သည်မှာ လာပြီး
အိမ်ဝယ်ကြတာ မနည်းမနောပင်။အိမ်ဈေးကလည်း အတော်လေး မြင့်ကာ လိုချင်သူ‌တို့
ပေါ၏။

လမ်းပေါ်က ကလေးတွေသည်လည်း တစ်ခြား
လူချမ်းသာ သားသမီးတွေလိုမျိုး ဟိတ်ကြီး
ဟန်ကြီးမဟုတ်ဘဲ လွတ်လွတ်လပ်လပ်သာ။

Taxiလေးက အနီရောင်နှစ်ထပ်တိုက်
အိမ်ပုလေး တစ်လုံး အရှေ့တွင် ရပ်တန့်သွားပြီး ကားထဲမှ အရပ်ရှည်ရှည်နှင့် လူငယ်လေး
တစ်ယောက် ထွက်လာခဲ့သည်။

ထိုသူ၏ ဆီလိမ်းကာ ပုံသွင်းထားသော ဆံပင်
ပုံစံ‌နှင့် ရိုးရှင်းသည့် ဝတ်စားပုံက တမင်လူကြီးပုံ ဖမ်းထားတာ အသိသာပင်။
ရွှေရောင် မျက်မှန်ကိုင်းနှင့် အသက်
နှစ်ဆယ်ကျော်လောက်သာ ရှိသေးသော
ထိုကောင်လေး၏ အသွင်အပြင်မှာ အတော်လေး
အေးအေးချမ်းချမ်း ဖြစ်သည်။သို့သော်ငြား
သူ့ထံမှ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ထားကာ
တော်ရုံလူတွေ အနားကပ်ပြီး ရေလိုက်ငါးလိုက် စကားပြောဖို့ မဝံ့သည့် အမျိုးအစားမျိုး။

သူက အိမ်လေးကို ခြုံငုံကြည့်ပြီးသည်နှင့်
ကားထဲ ခေါင်းဝင်ကာ ယူစရာရှိသည့် အိတ်တို့ကို
ယူပြီး

"ထွက်ခဲ့ ကသစ်"

အေးစက်လွန်းသော သူ့အသံမှာ ပြတ်သားပြီး
နှလုံးသား မနူးညံ့သူမှန်း ပေါ်လွင်စေ၏။
ထိုလူငယ်စကား ဆုံးသည်နှင့် ကားထဲမှ
လျောဆင်း လာသည့် ကလေးမလေး
တစ်ယောက်။

Total Where stories live. Discover now