Part 22

207 26 16
                                    

သင်္ဂါ ဒီနေ့ ရှယ်ယာရှင်အစည်းအဝေးကြောင့်
စိတ်ရော ကိုယ်ပါ ပင်ပန်းနေသည်။သူတို့
Group က member တွေအကုန်လုံး Project
ကိစ္စ သိသွားကြပြီး အားလုံး၏ အပြစ်တင်ခြင်းကို သင်္ဂါ ခေါင်းခံလိုက်ရ၏။ကြိတ်ဖြေရှင်းနေလို့
ဒေါသထွက်တဲ့လူရယ်၊သေချာမ‌စီမံလို့
မယုံကြည်တော့တဲ့ လူရယ်၊အခုထိ မဖြေရှင်း
ရသေးလို့ စိတ်မရှည်တဲ့ လူရယ်....။

အတ္တကြီးစွာပင် လူတွေက သူတို့ဘက်ကိုသာ
ကြည့်ကြ၏။သင်္ဂါလည်း ဒေါသထွက်မိပေမဲ့
သူတို့ပြောတာတွေက အလုံးစုံ မှားနေတာ
မဟုတ်တော့ ခေါင်းငုံ့ခံခဲ့ရသည်။ဖြေရှင်းဖို့
အတွက်သာ အာရုံစိုက်ပြီး အဆင်ပြေစေရ
ပါမည် ဟုသာ ကတိပေးလိုက်ရ၏။စီးပွားရေး
လုပ်ငန်းမှာတော့ မိတ်ဆွေအစစ် ရှိဖို့ သင်္ဂါလည်း
မမျှော်လင့်ထားပါ။သူတို့နေရာမှာ သင်္ဂါဆိုလည်း
အခုလိုပဲ လုပ်မိမည် ထင်သည်။

ရုံးခန်းထဲရောက်သည်နှင့် ထိုင်ခုံပေါ် ပင်ပန်းစွာ
လှဲချလိုက်မိ၏။မဖြိုးသည် သူ့အရိပ်အခြည်
ကြည့်ကာ သံပရာရည် တစ်ခွက်ဖျော်ပေးပြီးတစ်ယောက်တည်း နားလို့ရအောင် ထားခဲ့သည်။

သင်္ဂါသည်လည်း မှန်ချပ်ကြီးများ ကာရံထားသော မိမိရုံးခန်းထဲမှနေ မြို့ပြအလှကို ငေးရင်း
အတွေးတွေ လွင့်ပျံနေ၏။

"သျှားကို ဆွဲခွာထားပေး။ကျန်တာ ကျွန်တော်
လုပ်မယ်"

ရွှေရေး၏ စကားများသည် သူ့နားထဲ တဝဲလည်လည်။သျှားကို ဆွဲခွာထားပေး
ရအောင်လည်း သူနဲ့သျှားရဲ့ ဆက်ဆံရေးက
မျက်နှာတောင် ကြည့်ချင်တာ မဟုတ်။ဆွဲခွာဖို့ဆို
ပထမဆုံး သူ့အနားချည်းကပ်၊သူ့လက်ကို
ကိုင်ဖို့ လိုတယ် မဟုတ်လား။

သင်္ဂါ့မှာ အဲ့လို သတ္တိမရှိပေ။ဒါက ညံအတွက်‌
တွေးပေးတာမျိုး မဟုတ်ပါ။ကိုယ်ရေးကိုယ်တာ
ကိစ္စတွေက ရွှေရေးရော ညံပါ သူ့ဘာသာ ကြည့်လုပ် ကြလိမ့်မည်။ကိုယ်နှင့်လည်း မဆိုင်ပေ။

သူ ဆိုင်တာက ဒီမြေကွက်ပင်။ဒါကို ရွှေရေးက
အပေးအယူတစ်ခုလို သဘောထားနေသည်။
ရွှေရေးက သူ့ကို တစ်လျှောက်လုံး ကျွေးမွေး
လာသည့် ကျေးဇူးထောက်ပြီး သတ်ပစ်
လောက်တဲ့ထိ လုပ်မှာတော့ မဟုတ်။
သူပြန်လိုချင်တာက မိုးထက်ညံ ဖြစ်နေပေမဲ့
သျှားက ညံကို ဘာလို့ မပေးရတာလဲ။

Total Onde histórias criam vida. Descubra agora