Part 36

200 33 14
                                    

မီးခလုတ်ဖွင့်သံဆုံးသည်နှင့် သင်္ဂါ၏ အလန့်တကြား အော်သံကပါ ကပ်ပါလာသည်။
ဆံပင်ကြီး ဖားလျားချကာ ဆိုဖာထက် ခေါင်းငုံ့
ထိုင်နေသော သျှားသည် သူ့အတွက်တော့
သွေးပျက်စရာ မြင်ကွင်းဖြစ်လုနီးပါး။

ညဝတ်အင်္ကျီနှင့်ဘောင်းဘီက အဖြူ‌စွတ်စွတ်တွေ ဖြစ်ကာ အမှောင်ထဲမှာတောင် သိသိသာသာ
ထင်ရှားနေသည်။သင်္ဂါလည်း ရင်တုန်သွားပြီးမှ
သျှားမှန်း သိရတော့ မနည်း စိတ်‌ပြန်ဖြေရ၏။

"ဘာလို့ အဲ့လိုကြီး နေနေတာလဲ။"

ဆိုဖာထက် ဝင်ထိုင်ပြီး Necktie ကို ချွတ်ရင်း
သူ့အား ပြန်မဖြေသော သျှားကို ကြည့်လိုက်
မိသည်။ထိုကောင်လေး၏ မျက်နှာက ဆံပင်ရှည်တွေ ဖုံးနေတာမို့ မမြင်ရ။

"သျှား။နေမကောင်းဘူးလား"

"..."

တုံ့ပြန်မှု မရှိတာမို့ ဆိုဖာထက်မှထကာ သျှားအား
ကိုယ်အပူချိန် စမ်းဖို့ လက်ဆန့်လိုက်သည်။
သျှားနဖူးပေါ် မရောက်ခင်မှာပင် သင်္ဂါ့လက်ကို
ဆတ်ခနဲဆောင့်ဆွဲလိုက်သည်ကြောင့် အရှိန်
လွန်ကာ ကြမ်းပြင်ပေါ် ပစ်လဲတော့၏။

"အ!"

ကြမ်းပေါ် တံတောင်နှင့် ထောက်လိုက်
မိတာကြောင့် သင်္ဂါ့လက်တစ်ဖက်လုံး ကျဉ်ခနဲ
ဖြစ်သွားရသည်။သျှားသည် သူ့ပေါ် အုပ်မိုးလာပြီး လှုပ်မရအောင် တက်ဖိထားရင်းမှ

"ဒီနေ့ ဦးကို စိုင်ရာဆိုတဲ့ကောင် လာတွေ့တယ်ဆို"

ဒေါသသံပါနေပြီး သင်္ဂါ့လက်ကို ချုပ်ထားသော
သျှား၏ အပြုအမူတို့မှာ နိုင့်ထက်စီးနင်းပင်။
‌ဘာကို စိတ်တိုနေလဲ သူ မသိရဘဲ အားကြီးတယ်
ဆိုပြီး အနိုင်ကျင့်နေသည်ဟု ခံစားလာရတော့
သင်္ဂါ ရှက်သလို ဒေါသလည်း ထွက်မိ၏။

"အဲ့စကားလောက်ကို မင်းကောင်းကောင်း
ပြောလို့ မရဘူးလား!ပြီးတော့ အဲ့တာ
အလုပ်ကိစ္စ၊တစ်နည်းအားဖြင့် ငါ့ကိုယ်ရေး
ကိုယ်တာပဲ။မင်း သိပိုင်ခွင့် မရှိဘူး!!"

သင်္ဂါ့ အသံကား အတော်လေး ကျယ်သွား၏။
သျှားသည်လည်း ချက်ချင်းဆိုသလို သူ့ကိုယ်ပေါ်မှ ထကာ အိမ်ထဲကနေ ထွက်သွားတော့သည်။

Total Where stories live. Discover now