Part 38

198 29 16
                                    

သျှားသည် မနက်အစောကြီးပင် အိမ်ထဲက
ထွက်သွားဟန်ရှိသည်။သျှား၏ ကားစက်နှိုးသံ
ကြားလို့ သင်္ဂါ လန့်နိုးတုန်းက မနက် လေးနာရီသာ ရှိသေးသည်။

သူတို့အိမ်မှာ အရေးကြီးကိစ္စ တစ်ခုခု ဖြစ်သွား
ပုံပင်။သင်္ဂါလည်း သျှားကို ဖုန်းဆက်ကြည့်ပေမဲ့
စက်ပိတ်ထား၏။ထိုကောင်လေး သူ့ကို စိတ်ဆိုး
နေတုန်းပဲဆိုတော့ဖြင့် ပြန်လာမှ ချော့ဖို့ အခွင့်
ရတော့မှာပင်။

မနက်စာကို ခြောက်ခြောက်ကပ်ကပ်ပင်
စားလိုက်ရပြီး သျှားမပါသည့် ဘဝက
တစ်မနက်တည်းနှင့်တောင် အတော်လေး
လစ်ဟာလာမှန်း ရိပ်စားမိလိုက်၏။သင်္ဂါတော့
မူးယစ်စေသည့်အရာကို သုံးစွဲမိသွားပြီ။

ကုမ္ပဏီကို ရောက်တော့ မဖြိုးက ပျာပျာသလဲနှင့်
ဧည့်သည်ရှေ့နေတစ်ယောက် ရောက်နေကြောင်း
ပြောလာသည်။သူ့ရုံးခန်းထဲမှာ စောင့်နေသည့်
ရှေ့နေများက သင်္ဂါနှင့်သာ နှစ်ယောက်တည်း
စကားပြောလိုကြောင်း ပြော၏။

"ကျွန်တော်က ကိုဟန်မင်း+မမေထက်တို့ရဲ့
မိသားစု ရှေ့နေပါ။ဖွားနွယ်က ကျွန်တော့်ကို
ဦးသင်္ဂါဆီ ဒါလေး ပေးခိုင်းလိုက်ပါတယ်"

ချိပ်ပိတ်ထားသည့် စာအိတ်ရှည်တစ်အိတ်ကို
ရှေ့နေဆိုသူက သင်္ဂါ့ထံ ကမ်းပေးလာသည်။
သူဖွင့်ဖောက်ကြည့်လိုက်ချိန်မှာတော့ စာရွက်စာတမ်း‌တွေနှင့်အတူ ဓာတ်ပုံအချို့ကိုပါ
တွေ့လိုက်ရ၏။

ပုံထဲတွင် ပါသည့်လူတွေက တစ်ခြားမဟုတ်ဘဲ
ရွှေရေးနှင့် ကသစ်၏ ဓာတ်ပုံများပင်။

"ဂျပန်ယာကူဇာဂိုဏ်းနှင့် ပတ်သတ်နေသော ရွှေရေးနောင်"ဟူသော စာသားသည် ဓာတ်ပုံ၏
အောက်ခြေတွင် ရှိပြီး ပုံထဲတွင်တော့ ရွှေရေးနှင့်
ဂျပန်ယာကူဇာဂိုဏ်းရှိ လူတစ်စုက လက်နက်
တစ်ချို့ကို စစ်ဆေးနေကြသည်။ရွှေရေးပုံပါသော တရားမဝင် အရောင်းအဝယ်လုပ်နေသည့်
ပုံတွေ လေးပုံလောက်ရှိကာ အောက်မှာလည်း
ဒီပုံနှင့် သတင်းဖြန့်မှာလိုမျိုး ရေးသားထား၏။

နောက်ဆုံးဓာတ်ပုံတစ်ပုံကတော့ ကသစ်‌ဆူး
ဖြစ်ပြီး သူမက ပွဲတာဝန်ခံတစ်ဦးကို လက်ကိုင်အိတ်နှင့် ရိုက်နှက်နေခြင်းပင်။
ရွှေရေးနှင့် တွဲသွားတွဲလာ လုပ်နေသော
ပုံများလည်း ပါဝင်ကာ ဓာတ်ပုံတွေထဲတွင်
တရားမဝင် အလုပ်တွေလုပ်နေသော ရာဇဝတ်သားနှင့် ပတ်သတ်နေသည့် မင်းသမီး
ကသစ်ဆူး ဟူ၍။

Total Where stories live. Discover now