Part 34

239 31 19
                                    

သျှား ဆတ်ခနဲ လန့်နိုးလာတော့ သူသည်
ဦးသင်္ဂါ၏ ဧည့်ခန်းထဲက ဆိုဖာကြီးပေါ်မှာပဲ
ရှိသေးသည်။အပြင်မှာ မိုးအတော်‌သည်းနေပြီး
ပတ်ဝန်းကျင်တစ်ခုလုံးလည်း အေးစိမ့်လျှက်။

အခုမှ သတိရသည်က သူ ညက ဦးသင်္ဂါကို
ဖက်ပြီး ဆိုဖာပေါ်တွင် အိပ်ပျော်သွားခဲ့သည်။
အခုထိ ဦးသင်္ဂါသည် သျှားရင်ခွင်ထဲ ကျောပေး
လျှက်အနေအထားနှင့် အိပ်ပျော်နေတုန်းပင်။
သျှား၏ ညာလက်မောင်းကို ခေါင်းဦးထားကာ
သက်တောင့်သက်သာ အိပ်စက်နေသည်။

Tea tree shampoo ရနံ့လေးက သျှားနှာဖျားမှာ
ဝေ့ဝဲနေသည်။ညင်သာစွာ လှုပ်ရှားပြီး ဦးသင်္ဂါ၏
ခေါင်းနောက်ကို အနံ့ခံကြည့်တော့ ထိုအနံ့ကို
သဘောကျလွန်းလို့ မျက်လုံးတွေပင် မှိတ်သွား
ရသည်အထိ။

"အင်း...."

ညည်းညူသံပြုလာပြီးနောက် ဦးသင်္ဂါက မျက်လုံး ဖွင့်ကြည့်သည်။စက္ကန့်ပိုင်းလောက်ထိ
သျှား သူ့ကို အနောက်မှဖက်ထားသေးတာကို
မသိပုံပင်။

"နိုးပြီလားဗျ"

ဦးသင်္ဂါ၏ ခါးကို ကျန်လက်ဖြင့် ဆွဲဖက်ထားသည့် သျှား။မနက်ခင်း နှိုးစက်၏ ဆူညံသံ
တွေထက် သျှားအသံက ဩရှပြီး အတော်လေး
နားထောင်ကောင်းသည်။

ဒီအခြေအနေမျိုး တစ်ခါမှမရှိခဲ့ဖူးတာမို့
သင်္ဂါ အတော်လေး ရှက်မိ၏။သူ့စိတ်ကို
သျှားမသိအောင် တင်းခံထားပေမဲ့လို့ မျက်နှာ
တစ်ခုလုံး ရဲသွားတာမို့ သျှားက သွားတွေပေါ်သည်အထိ ပြုံးသည်။

"အခုမှ ကိုးနာရီပဲ ရှိသေးတယ်။ဦး ပြန်အိပ်မလား"

သျှား သုံးနှုန်းလိုက်သည့် သူ့ကို ရည်ရွယ်သော
ထိုအခေါ်အဝေါ်သည် ယခုတော့ ပိုပြီး ရင်ခုန်စရာ ကောင်းနေသည်။ကောင်လေးသည် သူတို့
ပထမဆုံး ဆုံကတည်းက ထိုနာမ်စားလေးနှင့် နှုတ်ဆက် ခဲ့တာပင်။

ကံကြမ္မာကြီး ‌ထူးဆန်းစွာ ပြောင်းလဲလိုက်ပုံများ
ဘေးအိမ်က ကလေးလေးအဖြစ်ကနေ သင်္ဂါ့
ရည်းစား ကောင်လေး အဖြစ်တဲ့။အခုထိတော့
အိပ်မက်တစ်ခုလိုပင်။

"ဗိုက်ဆာနေပြီ။မနက်စာ စားတော့မယ်"

သင်္ဂါ ဆိုဖာကြီးပေါ်မှ ထမယ်လုပ်မှ သျှား၏
လက်မောင်းကို ခေါင်းဦးထားမှန်း သိရသည်။
သင်္ဂါ ဖယ်ပေးလိုက်ပေမဲ့ သျှားလက်က
ချက်ချင်း လှုပ်မရဘဲ ထုံနေ၏။

Total Where stories live. Discover now