Part 21

207 30 10
                                    

"ညံ။မင်း ဒီည တစ်ယောက်တည်း နေရဲတယ် မဟုတ်လား။ငါ ဦးသင်္ဂါမေ့လဲသွားလို့ ဆေးရုံ စောင့်ပေးရဦးမယ်"

ဖုန်းတစ်ဖက်မှ ညံ၏ ဖြေသံသည် ဖြည်းဖြည်းချင်းပင်။

"ရပါတယ်။ငါ နေရဲတယ် သျှား။"

"အင်း။အိမ်ထဲမှာပဲ နေနော်။ဘာမှ မဖြစ်ဘူး။
တစ်ခုခုဆို ငါ့ကို ဖုန်းဆက်"

ညံစိတ်ပူနေမှာစိုးလို့ သူ လှမ်းမှာလိုက်ပြီး
အခန်းထဲ ပြန်ဝင်လာလိုက်သည်။ခုတင်‌ပေါ်မှာ
အိပ်ပျော်နေဆဲ ဖြစ်သည့် ဦးသင်္ဂါကို ကြည့်ရင်း
သက်ပြင်းချမိသည်။

အားနည်းပြီး စိတ်ဖိစီးမှု များနေတာကြောင့်ဟု
ဆရာဝန်က ပြောပြီး သေချာ အနားယူဖို့ပါ
သျှားကို မှာထားသည်။စာချုပ်ကို ရွှေရေးနောင်က လွန်ခဲ့တဲ့ သုံးရက်ကတည်းက ပို့ထားသည်ဟု
ညံ ပြောပြကတည်းက တစ်ယောက်တည်း
ကြိတ်ဖြေရှင်းနေသော ဦးသင်္ဂါကို သျှား အားနာ
နေမိတာ။

ရွှေရေးနောင်သည် သူတို့သိသည့် သူငယ်ချင်း
ရွှေရေးနှင့် ဆီနဲ့ရေပမာ ကွာခြားသည်။စိတ်ပိုင်း
ဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာအားလုံး ရွှေရေး၏
အငွေ့အသက်တွေ မရှိ။ညံက ပြောလို့သာ
သူယုံရသည်။

ပြီးတော့ ရွှေရေးနှင့် ညံ၏ ဆက်ဆံရေး‌
သည်လည်း သျှားသိထားသလို မဟုတ်ခဲ့ပေ။
ညံက ဒီနေ့မှ စိုးရိမ်တကြီးနှင့် ရွှေရေးက
သူ့ကို ပြန်ခေါ်ဖို့ ဦးသင်္ဂါတို့ကို တိုက်ခိုက်ရန်
လုပ်နေကြောင်း ပြောမှ သျှားသိရသည်။

သို့ပေမဲ့ ဦးသင်္ဂါကိုယ်တိုင် ဝယ်ယူထားသော
Project 1၏ မြေနေရာပိုင်ဆိုင်မှု စာချုပ်သည်
အတုဖြစ်နေတာကိုတော့ သူတို့ လက်ခံရတော့
မလို ဖြစ်နေသည်။မဟုတ်ရင်တောင် လူမိုက်
ဂိုဏ်းလိုလို ရွှေရေး၏ နှောင့်ယှက်မှုတွေ
အဆက်မပြတ် ခံရမှာပင်။

"သတိရပြီလား"

နိုးလာသည်နှင့် ဦးသင်္ဂါသည် သျှားအား
မယုံကြည်နိုင်သလို ကြည့်နေသည်။သူသည်
အိပ်ရာထလာသော ကလေးလေးလို မအိပ်ခင်
ဘာတြွေဖစ်ခဲ့လဲ မသိတော့ဟန်

"ထူပေးရမလား"

ဦးသင်္ဂါ၏ ကျောအောက် လက်လျှိုရင်း
ခုတင်ကို မြှင့်လိုက်သည်။အသာ လှဲပေးသည်
အထိ ဦးသင်္ဂါက နှုတ်ဆိတ်နေတုန်း ရှိပြီး

Total Tahanan ng mga kuwento. Tumuklas ngayon