Part 12

224 33 0
                                    

သန့်စင်ခန်းတံခါးကို ဂျိမ်း ခနဲမြည်အောင်
ပိတ်ချလိုက်သော သျှား။နှုတ်ခမ်းထောင့်မှ
အရည်ကြည်တစ်ချို့ကို လက်မနှင့် သုတ်ဖယ်
လိုက်ပြီး တံခါးရွက်ဆီ လည်ပြန်ကြည့်လိုက်
မိ၏။အထဲက လူထံမှ ဘာသံမှ မကြားရပေ။

ဒေါသတကြီး ပြုမူလိုက်မိသည့် ကိုယ့်အပြုအမူ
အတွက် နောင်တရပေမဲ့ အပြုခံလိုက်ရသူက
ဦးသင်္ဂါဖြစ်နေသည်ဟု တွေးလိုက်မိတော့
နေသာထိုင်သာရှိသလို ခံစားရသည်။

ဘယ်သူ့ကိုလာပြီး စွပ်စွဲတာတွေ လုပ်ရဲနေ
တာလဲ။သျှားက ဘာအမှားမှ မလုပ်ထားဘဲ
အကြီးပြောသမျှကို နာခံမဲ့ အရွယ်လေးမဟုတ်တော့တာ ဦးသင်္ဂါ သိဖို့ကောင်းသည်။
ကိုယ့်အပေါ် စကားလုံးတွေနှင့် ရိုက်နှက်တာ
ကို ခေါင်းငုံ့မခံနေနိုင်။ဒီအတိုင်း နှုတ်ဆက်တာ
လောက်ကို ဒင်းက ရွံရှာပြနေသေး၏။
ကြည့်ရတာ ညံနှင့်သျှားတို့ ပြောနေတာတွေကို
ကြားသွားပြီး အထင်လွဲနေပုံပင်။သျှားကို Gayလို့ ထင်တယ် ဆိုရင်တောင် ဦးသင်္ဂါဘက်က
ဝေဖန်ခွင့်၊ရွံရှာခွင့် မရှိဘူးလေ။သူများ စကားတွေကို ခိုးနားထောင်နေတဲ့ သူကမှ ကျင့်ဝတ်
မရှိတာ မဟုတ်ဘူးလား။

သျှား ‌စိတ်တိုတိုနှင့် ထွက်လာခဲ့တာ အင်္ကျီတောင်
မသန့်ရှင်းခဲ့ရ။ဝိုင်တွေပေကျံထားတာမို့
ဒီအတိုင်း ထားဖို့ မကောင်းပေ။ဖေဖေ့ကို
ခွင့်တောင်းပြီး ပွဲထဲမှ ထွက်ခဲ့လိုက်သည်။
ညံကိုလည်း ဆက်သွယ်ရမည့် လိပ်စာတွေပါ
တောင်းခဲ့ပြီး သန်ဘက်ခါ ဆက်ဆက်တွေ့ဖို့
ချိန်းလိုက်၏။ရှယ်ယာရှင်တွေကို အသေအချာ
နှုတ်ဆက်ပြီးသည်နှင့် အကျိုးအကြောင်း
ပြောပြကာ ပြန်ခွင့်တောင်းလိုက်ရသည်။

ကားပါကင်ဆီ လျှောက်လာတော့ တိုက်ဆိုင်စွာပင် ဦးသင်္ဂါနှင့် တွေ့သည်။သူတို့ကား‌တွေက
ယှဉ်ရပ်ထားပြီး သျှားကို မြင်သည်နှင့် မဲနက်
သွားသော ထိုလူ့မျက်ဝန်းတွေ။

သျှားက ဆံပင်တွေကို သပ်တင်လိုက်ကာ
သူ့မျက်နှာပေါ်က မဲ့ပြုံးတွေကို ဦးသင်္ဂါ
မြင်အောင် အသေအချာပြသလိုက်သည်။

"နှုတ်တောင် မဆက်ဘဲ ပြန်မို့လို့လား။သူတို့တွေ
ရှာနေမှာပေါ့"

Total Where stories live. Discover now