Part 11

235 33 4
                                    

သျှား ကုမ္ပဏီထဲ ဝင်လာသည်နှင့် Reception မှ
ကောင်မလေးများက မခို့တရို့နှင့် ခိုးပြုံးကြသည်။ထိုအပြုံးတွေကို သတိထားမိပြီး သူ့ကိုယ်သူ့ခန္ဓာကိုယ်မှာ ဘယ်နားမှားနေလဲဆိုတာ
ငုံ့မကြည့်မိအောင် စိတ်တင်းထားရ၏။

ဓာတ်လှေကားထဲ ရောက်မှ ကိုယ့်ကိုယ်ကိုယ်
ငုံ့ကြည့်မိလိုက်သည်။ဘယ်နေရာမှလည်း
မထူးခြားပါ။သူ ဝတ်လာသော အနက်ရောင်
Suit နှင့် အဖျားချွန် leather shoeက သာမန်
အတိုင်းပင် ဖြစ်ပါ၏။

ဓာတ်လှေကား တံခါး ပွင့်သွားချိန်မှာတော့
သျှား ပြုံးစစ မျက်လုံးတွေနှင့် ထပ်မံ ရင်းဆိုင်ရ
ပြန်သည်။ဓာတ်လှေကား စောင့်နေသော ဝန်ထမ်း
တစ်ချို့သည် သျှားကို ဦးညွတ်လို့ နှုတ်ဆက်ပြီး
ပြုံးကာ ကြည့်ကြသေး၏။တစ်ချို့‌ဆို လည်ပင်း
လိမ်မတတ် လှည့်ကြည့်ကြသေးတာပင်။

ဖေဖေ့ရုံးခန်းထဲ မပြေးရုံတမယ် လျှောက်သွားပြီး
ချွေးသံထွက်နေသည့် သူ့ကို ဖေဖေက တအံ့တဩ ဖြစ်နေသည်။

"ဘာဖြစ်လာတာလဲ သား"

သျှား တံခါးကို ပိတ်လိုက်ပြီး Necktie ကို
လျော့လိုက်၏။ထို့နောက်သက်ပြင်းကြီး
တစ်ချက်ချရင်း

"ဖေဖေ့ ဝန်ထမ်းတွေက သားကို ကြည့်ပြီး
ရယ်နေတယ်"

သူ့ စကားသည် ဖြစ်ပျက်ခဲ့သမျှကို အတိုချုံး
ပြောလိုက်တာပင်။သို့ပေမဲ့ သူစိမ်းကြောက်သည့်
ကလေးလေး အဖေကို ပြန်တိုင်သလိုမျိုး
ဖြစ်သွားတော့ ဟန်မင်းက မထိန်းနိုင်ဘဲ ထရယ်သည်။သို့ပေမဲ့ ဖေဖေ့ရယ်သံတစ်ခုတည်း
မဟုတ်ဘဲ နောက်ထပ်ရယ်သံတိုးတိုးက သျှား
နားထဲ တိုးဝင်လာတော့သည်။

ရုံးခန်းထဲက ဧည့်သည်ထိုင်ခုံမှာ ထိုင်နေသည့်
ဦးသင်္ဂါ။ရယ်ချင်တာကို အောင့်အီးထားပုံ
ရပြီး သျှားကို မျက်နှာလွှဲထားသည်။ရန်သူတော်ကြီး ရှေ့မှာ အရှက်ကွဲသွားရတာမို့ သျှားမျက်နှာ
မဲခနဲ...။

"ထိုင်လေ သား။သင်္ဂါက Project 2 ကိစ္စနဲ့
ရောက်နေတာ။ရှယ်ယာရှင်တွေက သားကို
မယုံကြည်ကြသေးလို့ ဒီ Project 3ကို သားဆီ
လက်လွှဲထားတယ်။"

သျှားသည် အပေါ်ဝတ်၏ ကြယ်သီးတွေကို
ချွတ်နေရင်းမှ မျက်မှောင်ကုတ်သွား၏။
သင်္ဂါ ထိုကောင်လေး အမူအယာတိုင်းကို
ကြည့်ပြီး စိတ်ထဲမှ ကောက်ချက်ချမိသည်က
ခံစားချက်ကို မထိန်းနိုင်ရင် ခေါင်းဆောင်ကောင်း
ဖြစ်လာမှာ မဟုတ်ဘူးဆိုတာပင်။

Total Where stories live. Discover now