"ဦးသင်္ဂါ ခင်ဗျ။သည့်ထက်ပိုပြီး လူကြီးလူကောင်း ဆန်လို့ မရတော့ဘူးလား"
ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်လုံးထည့်လို့
ဖြောင့်တန်းစွာ ရပ်နေသည့် ထိုလူငယ်လေး၏
မျက်နှာသည် ဒေါသတွေရော၊မထီမဲ့မြင်မှု
တွေရော ရောယှက်လျှက်။ဓားသွားလို ဖြောင့်စင်းသည့် သူ့မျက်ခုံးအစုံမှာ တွန့်ချိုးနေပြီး စူးရှသည့်
မျက်ဝန်းကျဉ်းများဖြင့် တစ်ဖက်လူကို အလို
မကျဟန် ကြည့်နေခဲ့သည်။မျက်နှာရှစ်ခေါက်ချိုးနဲ့ အပိုးမကျိုးသည့် အနှီ
ကောင်လေးအား ချေမိုးစွာ ပြန်ကြည့်ရင်း
သင်္ဂါတစ်ယောက် လေးထောင့်မျက်မှန်ကိုင်းကို လက်ညိုးဖြင့် ပင့်တင်လို့ တစ်ခွန်းတည်း
ဖြေလိုက် သည်ကား...."မင်းမို့လို့ကို မရဘူး။"
______________________
ထိုရန်ငြိုးသည် ဘယ်ကစသနည်းဆို ဖြေဖို့ရာ
ခက်ခဲ၏။သင်္ဂါသည် ထိုကောင်လေးကို စတွေ့
ကတည်းက ကြည့်မရခဲ့သလို၊ထိုကောင်လေး
သည်လည်း သူ့အပေါ် လေးစားမှုမရှိ။စည်းနှင့်၊ကမ်းနှင့် နေတတ်သော သင်္ဂါသည်
ထို ပေါ့ပျက်ပျက်ကောင်လေးနှင့် အံဝင်ခွင်ကျ
မဖြစ်တာ မထူးဆန်းပေမဲ့ တစ်ယောက်ကို
တစ်ယောက် အရိပ်မြင်ရုံနှင့် မုန်းတာမျိုး
ကြတော့ အကြောင်းအရင်း ကြီးကြီးမားမား
ရှိခဲ့သည်။ထိုလူငယ်က သင်္ဂါ့ သမီးကို သူငယ်ချင်းပေါင်း ပေါင်းပြီး အကျင့်ပျက်အောင် မဟုတ်တာတွေသင်ပေးခြင်းပင်။
သည်တော့ သူတို့နှစ်ယောက်အကြားမှာ ကြီးမားသည့် စစ်ပွဲကြီး စတင်လာခဲ့ပြီး ယနေ့ထိတိုင်
မကျေအေးသေး။ထိုကောင်လေးကလည်း စရိုက်ဆန်သလို၊
သင်္ဂါကလည်း အကြောတင်းသည်။ကိုယ့်ထက်
ဆယ့်ခုနစ်နှစ်မကလို့ အနှစ်တစ်ရာလောက်ပဲ
ငယ်ငယ် အပိုးမကျိုးလို့ ဆုံးမတာ လက်မခံလျှင်
အမြင်ကပ်မိတာ သူ့သဘာဝ။သင်္ဂါသည် ကလေးတွေကို မုန်းသည်။
ပြောမရတဲ့ ကလေးတွေဆို ပိုမုန်းသည်။______________________
YOU ARE READING
Total
Fantasyအမုန်းတွေရော၊အချစ်တွေကိုရော စုစုပေါင်း လိုက်တဲ့အခါ နာမည်လေးတစ်လုံး အဖြေထွက်လာခဲ့တယ်။ အမုန်းတွေရော၊အချစ်တွေကိုရော စုစုပေါင်း လိုက်တဲ့အခါ နာမည်လေးတစ်လုံး အဖြေထွက်လာခဲ့တယ်။