Part 43

209 29 16
                                    

မနက်သုံးနာရီ ရှိချေပြီ။

နာရီလက်တံ၏ အသံတို့က အရင်နေ့တွေကလောက် ခြောက်ခြားစရာ မကောင်းတော့တာ
ကိုဖြင့် သျှားကျေးဇူးတင်နေရ၏။

ခုတင်ထက်မှာ ဖြူဖျော့စွာ လဲလျောင်းနေသည့်
ဦး၏ မျက်နှာလေးကို သူ ရေစိုဝတ်နှင့် သန့်ရှင်း
ပေးလိုက်သည်။သျှား၏ အပြုအမူတိုင်းက
နူးညံ့နေကာ သူအထိမှားသွားတာနဲ့ ဦးသင်္ဂါ
နာသွားမှာ စိုးနေသလိုမျိုး…

အခုထိ ပွန်းပဲ့ရာလေးတွေ မပျောက်သေးသော
ဦးသင်္ဂါ၏ လက်ဖမိုးလေးကိုလည်း ထိုနည်း
အတိုင်း သန့်ရှင်းပေးမိ၏။ဒီလက်ကလေးက
သိပ်လှတာကို အခုတော့ သျှားကြောင့်…

"သျှား…"

ရွှေရေးသည် ဆေးရုံတံခါးကို အသာတွန်းဖွင့်လို့
ခြေသံလုံလုံနှင့် ဝင်လာသည်။သူက ခုတင်
ထက်မှ ဦးသင်္ဂါကို အခြေအနေကြည့်ပြီး
သက်ပြင်းမောကြီး ကြိတ်ချ၏။

ရွှေရေးလည်း အခုမှ စိတ်သက်သာရာ ရသွား
တာပင်။

"မင်း နားတော့လေ။မနေ့ကတည်းက မနားရ
သေးတာ မဟုတ်လား"

သျှားကတော့ ဦးသင်္ဂါ၏ မျက်နှာကိုသာ ငေးနေ
ရင်းမှ

"ရတယ်။ငါ အိပ်နေတုန်း ဦးနိုးလာဦးမယ်"

ရွှေရေးသည်ကား သျှားကို ကြည့်ရင်း ဦးလေးနှင့်
ဆက်ဆံရေးကို သံသယ ဖြစ်လာ၏။သူက
သျှားကို လက်နှင့်ပုတ်ကာ ဆေးရုံခန်း၏
ဝရံတာဆီ ဦးဆောင် ထွက်လာခဲ့လိုက်သည်။

သူ့ကို အပြင်ခေါ်နေမှန်း သိတော့ သျှားလည်း
ဦး၏ နဖူးကို ခပ်ဖွဖွ‌နမ်းကာ ခဏနှုတ်ဆက်
ခဲ့၏။သျှား၏ အပြုအမူတွေကို မှန်ချပ်သာ
ခြားသော ဝရံတာမှ ရွှေရေးက မြင်သွားခဲ့သည်။

"ဘာပြောမို့လဲ"

ရွှေရေးက သူ့ကို စီးကရက်တစ်လိပ်ပေးသည်။
သျှား ငြင်းချင်ပေမဲ့ ဘာအစားမှ မဝင်သေးသည့်
သူ့ပါးစပ်က ချဉ်နေတာမို့ တစ်လိပ်လောက်
လက်ခံလိုက်၏။

"ငါ့ ဦးလေးနဲ့ မင်းနဲ့ဆက်ဆံရေးက ဘယ်လိုလဲ"

ရွှေရေးက တည့်တည့်‌ပဲ မေးသလို သျှားကလည်း
ကွေ့ဝိုက်မနေ။

Total Where stories live. Discover now