Part 33

242 33 8
                                    

ရောင်စုံ Noteစာရွက်များ ကပ်ထားသည့်
ဆေးအိတ်တွေကိုကြည့်ရင်း သင်္ဂါ့ ခပ်ရေးရေး
ပြုံးလိုက်မိသည်။ဒီစာတွေ ဘယ်အချိန်က
သျှားရေးသွားလဲ သူ မသိလိုက်။ဆေးရုံက
ပြန်ရောက်ပြီးတာနှင့် ပင်ပန်းကာ အိပ်ပျော်
သွားတာကြောင့် ထိုကောင်လေး ပြန်သွားတာလည်း မသိလိုက်ပေ။

Noteစာရွက်အဝါလေးနှင့် ရေးထားသည်က

"မနက်စာ စားပြီးသောက်ရမှာနော်။ကျွန်တော်
စိတ်ပူရအောင် မလုပ်နဲ့"ဟူ၍။

နောက်တစ်ရွက်ကား အနီရောင်လေးနှင့်ဖြစ်ပြီး

"နေ့လယ်စာကို ကောင်းကောင်းစား။
ဆေးသောက်ပြီး အနားယူလိုက်။"တဲ့....

နောက်ဆုံးစာရွက်ကတော့ အညိုရောင်လေး
ဖြစ်ကာ စာလုံးတွေက အနည်းငယ် ကြီး၏။

"အိပ်ရာမဝင်ခင် သောက်ရမှာနော်။မသောက်ဘဲ
အိပ်ရင် ကျွန်တော်ကိုယ်တိုင် အိပ်မက်ထဲ သရဲ‌လာခြောက်မှာ။"

သင်္ဂါ အသံထွက်သည်အထိ ရယ်လိုက်မိသည်။
ကလေးတွေက ဒီလိုပဲ ပေါတောတော လုပ်တတ်
ကြတာလား။

ညစာစားပြီး ဆေးသောက်ကာ အိပ်ရာတန်းဝင်
လိုက်သည်။ကိုယ်ပူကျနေပြီဆိုပေမဲ့ အားနည်း
နေသေး၏။ထူးဆန်းစွာပင် ခေါင်းဦးပေါ်
ခေါင်းချသည်နှင့် တန်းအိပ်ပျော်သွားသည်။

အိပ်မက်ထဲမှာ သျှားက သရဲလာမခြောက်ဘဲ
သူ့ကို ထပ်ပြီး ချစ်ခွင့်ပန်လာခဲ့သည်။

"ဦးကို ချစ်တယ်"

အသိလွတ်ကာ သူ ခေါင်းညိတ်ခဲ့မိပါသည်။

______________________

မနက်အစောကြီး သင်္ဂါ့အိမ်ကို သျှား ပေါက်ချ
လာသည်။ကသစ်နဲ့ Video call ပြောလက်စကို
ရပ်ပြီး ဧည့်ခန်းက ထိုင်ခုံမှထကာ တံခါးသွားဖွင့်ပေး လိုက်သည်။အိမ်ပေါက်ဝမှာ ရောက်နေ
သည်က သျှားတစ်ယောက်တည်း မဟုတ်ဘဲ
နော်ဝေးသူကိုပါ ခေါ်လာတာမို့ သင်္ဂါ စိတ်ညစ်ညူးသွားသလို ခံစားရ၏။

"ဆေးသောက်ပြီးပြီလား"

ရောက်ရောက်ချင်း သျှားမေးသည့် စကားကို
သူခေါင်းသာ ရမ်းပြလိုက်သည်။နော်ဝေးသူက
သင်္ဂါ့ဖို့ယူလာသည့် စွပ်ပြုတ်ကို ပေးရင်း
နှုတ်ဆက်၏။

Total Where stories live. Discover now