Part 37

201 32 4
                                    

"လက်ကလေး ပေးကိုင်ပါဦး"

သူ့နား တိုးကြိတ်လာရင်း သျှားက ဆို၏။
သင်္ဂါက မသိချင်ယောင် ဆောင်ထားပြီး
သူဝယ်မည့် အရွက်တွေကိုသာ လိုက်ကိုင်ကြည့်
နေခဲ့သည်။သို့ပေမဲ့ အာရုံကတော့ သျှားဆီမှာ
အပြည့်။

"ဦးက ကပ်စေးနည်းလိုက်တာ။သားက ချစ်လို့
လက်ကလေး ကိုင်မို့ပါဆို"

သူ့ကိုယ်သူ သုံးနှုန်းလိုက်သည့် စကားကြောင့်
သင်္ဂါ ဆက်ပြီး လျစ်လျူမရှူနိုင်တော့ဘဲ
ရယ်လိုက်မိ၏။

"ဘာ'သား'လဲ။ခွေးသားလား"

သူတို့နှစ်ယောက် ထိုနေရာမှာတင် ကြိတ်ရယ်
နေပြီး အတော်နှင့် ဈေးမဝယ်နိုင်။နှာခေါင်းစည်း
Mask တပ်ထားတာမို့ အပျော်လွန်နေသည့်
သျှား၏ မျက်လုံးလေးတွေ ပြုံးနေတာကို
သူ အတိုင်းသား မြင်နေရပြီး မျက်လုံးကနေ
တစ်ဆင့် ခံစားရသည့် ခံစားချက်တို့မှာ
ပိုနက်ရှိုင်း သလိုပင်။

ဈေးဝယ်တွန်းလှည်းလေးကို သျှားက တွန်းပေးပြီး သင်္ဂါ ပစ်ထည့်သမျှ ဈေးထုပ်တွေကို
နေရာတကျ စီပေး၏။လူလစ်ရင်တော့
ဈေးဝယ်နေသည့် သင်္ဂါ့ခါးလေးကို ဆွဲဖက်ပြီး
မိရာနေရာ ဇွတ်နမ်းတတ်စမြဲ။

"ငါက လူကြီးဆိုတာလည်း သတိရဦး"

Romantic ဆန်တာသိပေမဲ့ သူ့အရွယ်နဲ့
ဒီလိုအမူအယာတွေကြား ပျော်ပါးနေဖို့ မသင့်
ဘူးလို့ သင်္ဂါတွေးမိသည်။ထိုသို့ပြောတိုင်း
သျှားကတော့ ဂရုမစိုက်စွာပင်

"ပတ်ဝန်းကျင်ကို ဂရုစိုက်မနေနဲ့။ဦးကို သူတို့က
စိတ်ချမ်းသာအောင် ထားမှာ မဟုတ်ဘူး။
ပျော်အောင်ထားပေးမဲ့ ဒီကောင်လေးကိုပဲ
ဂရုစိုက်"

သူ့ကိုယ်သူတော့ အသက်ငယ်ကြောင်း၊သင်္ဂါ့ရဲ့
ကလေးလေး ဖြစ်ကြောင်း သိအောင်
လုပ်တတ်၏။

သင်္ဂါတို့ Relationship သည် ကြည်နူးစရာလေး
တွေဆိုတာထက် တစ်ယောက်နဲ့တစ်ယောက်
စလိုက်၊နောက်လိုက်နဲ့ပင် ပြီးဆုံးနေတာ များ၏။
Typeတူသည်ဟုပဲ ဆိုရမလား၊ဒီအခြေအနေမှာ
နှစ်ယောက်လုံး ပျော်မိတာပင်။

"တစ်နေ့နေ့ ဦးသာ ကျွန်တော့်ကို မချစ်တော့ဘူး
ဆိုရင် ဘာတွေ ဖြစ်လာမလဲ သိလား?"

Total Where stories live. Discover now