Part 26

220 37 33
                                    

တစ်နေကုန် သျှားတစ်ယောက် အခန်းထဲ
အောင်းနေမိသည်။အကြောင်းကတော့ ညက
ပါတီပွဲမြှပန်လာပြီး တစ်ညလုံး အိပ်မရခဲ့သည့်
အတွက် နေ့ခင်းရောက်မှ အိပ်ရခြင်း။

မနက်စာရော၊နေ့လယ်စာပါ လွတ်သွားပြီး ညနေ
ငါးနာရီကြမှပဲ သူအိပ်ရာက နိုးသည်။ညစာ
အတွက် အသင့်စား ခေါက်ဆွဲထုပ်ကိုသာ
စားဖို့ပြင်လိုက်ပြီး ပန်းကန်ကိုင်လို့ အိမ်ရှေ့
ထွက်လာခဲ့၏။

ဆင်ဝင်အောက်တွင် သူလေညှင်းခံဖို့အတွက်
စားပွဲနှင့် ခုံတစ်လုံးကို ညံက ထားပေးထားသည်။
စားပွဲပေါ် ခေါက်ဆွဲပန်းကန်ကိုတင်ပြီး စိတ်က
ညံ အဆင်ပြေရဲ့လား တွေးမိသွားတော့၏။

ရွှေရေးဆီက ညံကို ပြန်မခေါ်နိုင်ခြင်းက
သူ ညံ့လို့ ဆိုသော အချက်ကို မတွေးဘဲ မနေနိုင်။

သက်ပြင်းချလို့ အတွေးတွေဖယ်ရင်း ခေါက်ဆွဲ
စားဖို့ ပြင်လိုက်သည်။ညံ မရှိရင်တော့ သူ
အိမ်ပြန်မှ ဖြစ်တော့မည်။မဟုတ်ရင် အသင့်စား
အစားအစာတွေချည်းစားနေမိမှာ သျှားသိ၏။

‌ခေါက်ဆွဲတစ်ဇွန်း ပါးစပ်ထဲ ထည့်ခါနီးမှာပဲ
တစ်ဖက်အိမ်က အိမ်တံခါးမကြီးပိတ်သံကို ကြားလိုက် ရသည်။တံခါးပိတ်သံက မတော်တဆ
ကျယ်သွားသည် ထင်၏။ဦးသင်္ဂါလည်း
ပတ်ဝန်းကျင်ကို အားနာစွာ ဝေ့ကြည့်နေပြီး
ခေါက်ဆွဲတစ်ပန်းကန်နှင့် ပုံပျက်နေသော
သျှားကို မြင်သွားတော့သည်။

သို့ပေမဲ့ ချက်ချင်းပဲ ဦးသင်္ဂါက မျက်နှာလွှဲသွားသည်။သေချာကြည့်မှ အရမ်းတွေ ပြင်ဆင်
ထား‌တာ အဝေးကသျှားပင် သတိထားမိသည်။

Over coat jacket အနက်ရောင်နှင့် လည်ပိတ်
ဆွယ်တာကို ဝတ်ဆင်ထားတာ‌မို့ ဖြောင့်စင်းသော
ဦးသင်္ဂါ၏ ခန္ဓာကိုယ်နှင့် အတော်လေး ကြည့်လို့
ကောင်းနေသည်။ဖြောင့်စင်းသော ခြေတံရှည်
များလည်း ထင်ရှားနေပြီး ညနေခင်း နေရောင်
အောက်မှာ ထူးခြားသော ပုံရိပ်‌တစ်ခုလိုပင်။

သျှား စားလက်စတောင် မျိုမချမိဘဲ ငုံထား
မိ၏။ဦးသင်္ဂါ၏ မျက်နှာက မနေ့ကလို စိတ်ညစ်
နေသည့် အရိပ်အယောင်တွေ နည်းနည်းတောင်
မရှိတော့။

Total Where stories live. Discover now