Part 39

249 30 7
                                    

သူ ဒီအိမ်မှာ ရောက်နေတာ တစ်ပတ်လောက်
ရှိပြီဖြစ်သည်။ကသစ်ကတော့ သူ့ကို ပြန်သွား
ပြီဟု ထင်နေပေမဲ့ တကယ်တမ်းကြ ရွှေရေး
အကျဉ်းထောင်ထဲ ဝင်နေရတာပင်။

ရွှေရေးက ကိစ္စတွေ အမြန်ဆုံး ရှင်းလင်းနိုင်ဖို့
ကြိုးစားနေရတာကြောင့် အလုပ်ရှုပ်နေသည်။
သင်္ဂါ့အလုပ်တွေကို မဖြိုးနဲ့လွှဲထားလို့ အဆင်ပြေ ပေမဲ့ ကိုယ်တိုင်ကိုယ်ကျ မဟုတ်တော့ နည်းနည်း
စိတ်မချပေ။

"ဦးလေး တစ်ခုခုလိုရင် ဒီဖုန်းကို ခေါ်လိုက်။
ကျွန်တော့်လူ‌တွေ ရောက်လာလိမ့်မယ်"

ရွှေရေးသည် အခန်းထဲကဖုန်းနှင့် လိုတာခိုင်းလို့ ‌
ရကြောင်း ပြောခဲ့သည်။ရွှေရေးထွက်သွားပြီး
မကြာခင်မှာပဲ သူ့အခန်းတံခါးကို တစ်စုံတစ်ယောက် လာခေါက်၏။

တံခါးဖွင့်ပေးလိုက်တော့ သင်္ဂါ့မှာ အံ့ဩမှုနှင့်
နှုတ်ခမ်းနှစ်လွှာ ခပ်ဟဟလေး ပွင့်သွားရသည်။

"မိုးထက်ညံ"

မိုးထက်ညံက အနောက်တိုင်းဝတ်စုံကို အကျအန
ဝတ်ဆင်ထားသည်။သေချာကြည့်လျှင် ဒီအိမ်က
ရွှေရေး၏ သက်တော်စောင့်များ ဝတ်ထားသည့်
အတိုင်းပင်။ထိုကောင်လေးက အရင်ကလို
ဖြူဖတ်ဖတ်မဟုတ်တော့ဘဲ အသားလတ်လာ
သလိုပင်။မပြောင်းလဲသည်ကတော့ အခုထိ
‌စုတ်ဖွားဖြစ်နေဆဲ ခေါင်းမွေးဖြူများ ဖြစ်သည်။

ရွှေရေး ညံကို ခေါ်သွားတာ သူသိလိုက်ပေမဲ့
ညံကို ဘယ်နေရာမှာ ထားထားမှာလဲ တစ်ခါမှ
မ‌တွေးမိ။အခုကြည့်ရသလောက်တော့
ညံသည်လည်း အဆိုးဆုံးတွေ မကြုံရလောက်ဘဲ
နေသာထိုင်သာ ရှိပုံပင်။

"ဦးသင်္ဂါကို လာနှုတ်ဆက်တာပါ"

အပြုံးတစ်စတောင် မပါဘဲ ထိုစကားကို ညံက
ပြောလာသည့်အခါ သူ့မှာ ကြောင်အအဖြင့်သာ
ခေါင်းညိတ်ရင်း

"ဪ...အေး။ဒီကြားထဲ အဆင်ပြေတယ်
မဟုတ်လား ညံ"

ညံက ထိုအဖြေကို မဖြေဘဲ မျက်နှာလွှဲသွားသည်။‌လှေကားထစ်မှ အရပ်ရှည်ရှည်၊အသား
ညိုညိုနှင့် ကောင်လေးတစ်‌ယောက် တက်လာ
တာကို လှမ်းကြည့်လိုက်ကာဖြင့် သင်္ဂါ့အား
ဥပေက္ခာပြု၏။

Total Tempat cerita menjadi hidup. Temukan sekarang