Part 13

230 31 5
                                    

သျှား နာရီကို ငုံ့ကြည့်ရင်း သက်ပြင်းချမိ၏။
မိုးထက်ညံတစ်ယောက် ချိန်းထားတာထက် နာရီဝက် နောက်ကျနေတာတောင် အခုထိ
ရောက်မလာသေးပေ။အရင်လို အပြင်ထွက်မယ်ဆို တက်ကြွ‌ပြီး ဦးအောင်စောင့်နေတတ်သည့်
ညံက အခုလို နောက်ကျနေတော့ သူစိတ်ပူ
သွားသည်။

"Sorry သျှား။ကားပိတ်နေလို့ နောက်ကျသွားတယ်"

ညံက ရှပ်အဖြူနှင့် အပေါ်ဝတ်အင်္ကျီအပြာကွက်လေးကို ဂျင်းဘောင်းဘီနှင့် တွဲဝတ်ကာ
ကျောပိုးအိတ်လေးတစ်လုံးလွယ်လို့ ဆိုင်ထဲ
ပြေးဝင်လာသည်။သျှားတစ်ယောက် ညံ၏
ပြောင်းလဲသွားသော ဝတ်စားဆင်ယင်ပုံကို
တအံ့တဩ ကြည့်နေမိ၏။အရင်ကဆို ညံက
ဒီပုံစံတွေ ဝတ်ဖို့နေသာသာ သူ့အင်္ကျီအပွနှင့်
ဘောင်းဘီအပွထဲ မြုပ်နေတတ်သည့် လူမျိုး။

အခုလိုမျိုးကြ ညံတစ်ယောက် သိသိသာသာ
ပိန်နေတာကို သျှား မြင်နေရသည်။လွန်ခဲ့တဲ့
ခြောက်နှစ်က ဆယ်ကျော်သက် ကောင်လေး
တစ်ယောက်နှင့် အခု အရွယ်ရောက်သော
ပုံစံသည် ဘာမှပြောင်းလဲတာ မရှိသလိုပင်။

"ငါစောင့်နေတာ ကြာပြီ"

သျှား ညီးညူးသလို ပြောတော့ ညံက တစ်ခွန်းတည်း ပြန်ပြောလာသည်က

"တောင်းပန်ပါတယ်။ငါ အိပ်ရာထလည်း နည်းနည်း နောက်ကျသွားလို့"

ဘာမှမပြောနိုင်ဘဲ ညံ၏ မျက်နှာကိုသာ သူငေး
နေမိတော့သည်။အရင်လို စနောက်ကျီစယ်ပြီး
စကားတွေ ဖောင်ဖွဲ့လာသင့်သည့် ညံက
တောင်းပန်စကားတစ်ခွန်းကို လွယ်လွယ်ပြောထွက် လာသည်တဲ့။

"ညံ...မင်း အရမ်းပိန်သွားတယ်"

ဒီစကားသည် ကျင့်ဝတ်လုံးဝမရှိသော စကား
ဆိုတာ သျှား သိပါသည်။သို့ပေမဲ့ သူ့
သူငယ်ချင်းရဲ့ ပုံစံကို ကြည့်ရင်း သတိလက်လွတ်
ထုတ်ပြောမိလိုက်ခြင်းသာ။

ညံသည် ဘာမှမဖြစ်သလိုပင် ပြုံးပြသည်။
သူ့ကျောပိုးလွယ်အိတ်ကို ချွတ်ရင်းမှ

"ဟုတ်တယ်။ငါ အလုပ်တွေ ပင်ပန်းပြီး ဖြစ်တာ"

"မင်း ဘာတွေ လုပ်နေရလို့လဲ"

"အစုံပေါ့ကွာ။အမေ့ရဲ့ ဆေးစရိတ်ဖာအောင်
အလုပ်ကြမ်းကလွဲပြီး အကုန်လုပ်ရတာပဲ။
ဒါတောင် အလုပ်ကြမ်းတွေက ငါ့မခေါ်လို့။
ငါက နုဖတ်ဖတ်နဲ့ အရမ်းပိန်တယ်တဲ့လေ"

Total Where stories live. Discover now