"ကျွန်တော် တောင်းပန်ပါတယ်။ဦးသင်္ဂါကို
ဒီလိုမလုပ်သင့်ဘူး"

"ဘာ…အဓိပ္ပာယ်လဲ သျှား"

"ကျွန်တော်တို့က မဖြစ်နိုင်တော့ဘူးလေ
ဦးသင်္ဂါ။ကျွန်တော် ရှူံးသွားပြီ"

"ဘယ်မှာ ရှူံးတာလဲ၊သျှား…ဦးကို နားလည်အောင် ပြော"

သျှားသည် ဘာစကားမှ မဆိုတော့ဘဲ သူ့လက်ကိုသာ အရဖြုတ်ပြီး လှည့်ထွက်သွားဖို့ ပြင်သည်။
သို့ပေမဲ့ နှစ်လှမ်းလောက် လှမ်းပြီးချိန်မှာတော့
သင်္ဂါရှိရာဆီ ပြန်လှည့်လာပြီး သူ့နဖူးထက်
ခပ်ဖွဖွလေး နမ်းရှိုက်၏။

"နှုတ်ဆက်ပါတယ်"

"…"

"ဦးသင်္ဂါ"

_______________________

သင်္ဂါ ရန်ကုန်ကိုပြန်ရောက်ပြီး နောက်ရက်ပင်
ကုမ္ပဏီကို တန်းသွားခဲ့သည်။သူ့ကိုတွေ့တော့
မဖြိုးက ခုန်ပေါက်ပြီး ပျော်နေခဲ့ကာ ရှယ်ယာရှင်တွေ အား‌လုံးစုံပြီဟု သတင်းပေး၏။သင်္ဂါ
အစည်းအဝေးခန်းထဲ ဝင်သွားတော့ အားလုံးက
သူ့ကို နှုတ်ဆက်ကြသည်။အထင်နှင့် အမြင်
လွဲမှားစွာပင် အားလုံးသည် သင်္ဂါ့အပေါ်
ဘာမေးခွန်းမှမထုတ်ကြဘဲ ခရီးမှာ ပျော်ခဲ့ရဲ့လား
ဟုပင်‌ မေးနေကြ၏။

အစကတော့ နည်းနည်းကြောင်အသွားရပေမဲ့
နောက်တော့လည်း ရေလိုက်ငါးလိုက်ပင်
စကားပြောပေးလိုက်သည်။ကြည့်ရတာ
ပြဿနာတွေကို တစ်ယောက်ယောက် ရှင်းပေးထား ပုံပင်။

"နောက်အပတ်ထဲ ကျွန်တော် သတင်းစာ
ရှင်းလင်းပွဲ လုပ်မှာပါ။အားလုံး စိတ်မပူကြပါနဲ့"

ရှယ်ယာရှင်များက လက်ခံကြပြီး သျှား၏
ထောက်ခံမှုကို ရ‌ထားသော သင်္ဂါ့အား မယုံစရာ
မရှိဟု ဆိုကြသည်။ကြည့်ရတာ သျှားက
ပြဿနာကို ရှာပြီး ပြန်ဖြေရှင်းပေးထားကာ
သင်္ဂါ့ကို ပြန်လာအောင် လုပ်ချင်ခဲ့ပုံရ၏။

အားလုံးထွက်သွားကြတော့ သျှားက ကျန်နေခဲ့သည်။သင်္ဂါလည်း သျှားကို ပြောစရာရှိနေတာမို့
လူရှင်းသည်နှင့် သျှားအနားကို သွားလိုက်ပြီး

"သျှား...ဟိုးနေ့က မန္တလေးကနေ ညကြီး
တန်းပြန်သွားတာလား"

သျှားသည် စာရွက်စာတမ်းတွေကို သိမ်းရင်းမှပင်
သင်္ဂါ့အား မကြည့်ဘဲ ခေါင်းညိတ်သည်။

Total Where stories live. Discover now