အဝါရောင်စာမျက်နှာများ

2.2K 144 22
                                    


အချိန်ကာလတွေဟာ လူတွေရဲ့စိတ်ကိုတကယ်တည်ငြိမ်စေသည်။ လွမ်းဆွတ်သတိရမိခြင်းတွေဟာလည်း ကာလတစ်ခုကိုရောက်သည့်အခါ အနည်ထိုင်သွားရသလို ကွေ့ကွင်းရခြင်းအကြောင်းဟာလည်း အချိန်တစ်ခုမှာတော့ ငါတို့ကံမပါကြပါလားဟု ဖြေသိမ့်နိုင်လာသည်။

ငယ်နှင့်အတူတူနေထိုင်ခဲ့သော ဒီကာလတွေမှာ အေးဆေးသည်ဟုပြောရမည်။ တစ်ယောက်နှင့်တစ်ယောက်ရွေးချယ်ခဲ့ကြပြီဆိုကတည်းက နားလည်မှု ဖေးမမှု မေတ္တာတွေနဲ့ရှေ့ဆက်မှသာအဆင်ပြေမယ်ဆိုတဲ့အကြောင်း ပိုပြီးနားလည်ခဲ့ကြသည်။

"မမရေ.. ဒီပုံးတွေဖုန်တက်နေတာ ငယ်သုတ်လိုက်မယ်နော် ဘာတွေလဲမသိ"

"သုတ်လိုက်လေ"

ပိတ်ရက်မှာ အိမ်ရှင်းကြရင်းကနေ ပစ္စည်းတွေထားသည့်အခန်းမှာ ရှင်းနေသောငယ့်ရဲ့အော်သံကြောင့် ကျွန်မပြန်ဖြေလိုက်သည်။ ပစ္စည်းတွေကိုနေရာချနေရင်းကနေ
ငယ့်ဆီကိုလာခဲ့တော့ ငယ်ကိုင်ထားသောအရာကိုတွေ့ပြီး
ကျွန်မငေးသွားမိသည်။

ဘာတွေလဲဟု ငယ်ကစပ်စုလိုက်ပုံရသည်။ တိတ်နှင့်ပိတ်ထားသော အရာတွေကိုဖွင့်လိုက်တော့ စီထည့်ထားသော စာအိတ်တွေနှင့်စာတွေဟာ အစီအရီ၊ ရောင်စုံ pen ဘူးတွေနှင့် ပုံဆွဲစာအုပ်တချို့၊ ငယ်ကကျွန်မရပ်နေတာကိုမြင်တော့ ကျွန်မကိုတစ်ချက်ကြည့်သည်။ မေးခွန်းတွေမပါပေမဲ့လို့ စိတ်မကောင်းဖြစ်နေဟန်ပေါ်သော သူ့မျက်ဝန်းတွေကြောင့် ကျွန်မအားနာမိသည်။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ မမြင်တွေ့ချင်လောက်အောင်ထိ ကျွန်မပြတ်သားစွာဖွက်ထားခဲ့ပေမဲ့ စွန့်ပစ်လိုက်ဖို့ကြတော့ တကယ်မလုပ်နိုင်ခဲ့ဘူးလေ။

"တောင်းပန်ပါတယ်"

"ရပါတယ် ငယ်နားလည်ပါတယ် ငယ်ပြန်ပိတ်ထားလိုက်မယ်"

"ရတယ် မမ လုပ်လိုက်မယ်"

ငယ်ကအလိုက်သိစွာပဲ ထွက်သွားပေးခဲ့တယ်။ ဖုန်တက်နေသောပုံးကို အဝတ်ဖြင့်သုတ်လိုက်ရင်း အစီအရီထည့်ထားမိတဲ့စာတွေကို ကျွန်မတို့ထိကြည့်လိုက်မိတယ်။ မုံရွာအဆောင်ပိုင်ရှင်ကိုတောင်မှ အကယ်၍ကျွန်မနာမည်နဲ့စာတွေရောက်လာခဲ့ရင် ဒီလိပ်စာကိုပြန်ပို့ပေးပါလို့ အကူအညီတောင်းခဲ့တာလေ။ အရင်နှစ်တွေကတည်းက ရရှိခဲ့တဲ့စာတွေပေါ့။

You've reached the end of published parts.

⏰ Last updated: Jan 24 ⏰

Add this story to your Library to get notified about new parts!

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now