အခန်း ၂၁။ ချစ်သူသိစေ

2.8K 466 57
                                    

နွေဦးရဲ့တေးသံတွေဟာ နေရာအနှံ့မှာပျံ့လွင့်လို့နေတယ်။ မကြာခင်မှာပဲ ပိတောက်ပန်းတွေပွင့်တော့မှာဖြစ်သလို ငုဝါတွေလည်းဝေတော့မှာပေါ့။ မဟာသင်္ကြန်ရဲ့တေးသံတွေဟာ ဆိုင်တွေမှာ စျေးတွေမှာ လမ်းမထက်မှာ ပျံ့လွင့်လို့။ သင်္ကြန်ရောက်တော့မယ်ဆိုတာကြေညာလို့နေတယ်။

လွန်ခဲ့သောရက်ပိုင်းတွေကမှ ပင်စင်ယူလိုက်ပြီဖြစ်သည့်မေမေကတော့ အလုပ်တွေငြိမ်းသွားပြီဖြစ်သလို စနေ၊ တနင်္ဂနွေလောက်သာ ဆေးခန်းထိုင်ဖြစ်တော့သည်။ အခုလို ကာလမျိုးကတော့ အရင်ကအချိန်မရလို့မလုပ်ခဲ့ရသည့် တရားအလုပ်တွေကိုပိုမိုအားထုတ်တော့သည်။ ယခုလည်း တရားစခန်းဝင်ဖို့မေမေ့ကိုဖေဖေကလိုက်ပို့လေသည်။

ဖေဖေနဲ့ကိုကိုကတော့ စီးပွါးရေးအတွက် သင်္ကြန်ကာလတွေမှာတောင် သူတို့ဆိုင်ကိုဖွင့်ထားကြသည်။ ကားဝပ်ရှော့နှင့် ကားပစ္စည်းတွေရောင်းသည့်ဆိုင်ဆိုတော့လည်း သင်္ကြန်ကာလမှာပိုအလုပ်ဖြစ်သည်လေ။

သူကတော့ ဆေးရုံသွားလိုက် ဆေးခန်းသွားလိုက် ပိတ်ရက်ဆွေမှာ အစ်မနဲ့တွေ့လိုက်နှင့် သူ့ဘာသာအချိန်တွေကုန်ဆုံးလျက်ပင်။ ယခုလည်း အစ်မနှင့်အတူတူ မြိုပြင်က ထင်းရှူးတောကိုရောက်နေခြင်းပင်။ ထင်းရှုးဆီထုတ်သည့်ရွှေမြင်သာဘက်ကတောလည်းရှိပေမဲ့ သူတို့နှစ်ယောက်လုံးကတော့ မြို့ရှောင်လမ်းကနေရာကိုပိုကြိုက်လေသည်။
တစ်ခါတစ်ခါ ကတ္တရာလမ်းမကြီးပေါ်က ကားသွားကားလာတွေကို ထင်ရှုးတောကနေထိုင်ကြည့်နေရတာမျိုးကို နှစ်ယောက်လုံးသဘောကျကြသည်။

"အညာဒေသနဲ့ကွာတယ်နော်"

"နွေရာသီဆိုရင်တော့ အတူတူပါပဲ ခြောက်သွေ့တာချင်းလေ"

အစ်မကရယ်လိုက်ကာ သူ့ကိုကြည့်သည်။

"အညာမှာဆို တမာတွေကလမ်းဘေးတစ်လျှောက်တန်းစီနေတာပဲ အခုချိန်ဆိုရင် ရွက်ကြွေတွေနဲ့လမ်းတစ်လျှောက်လဲ ဝါနေတော့မှာ"

"လွမ်းလို့လား ရေဦးကိုအတူတူသွားကြမလား"

"တကယ်လွမ်းတယ်.. ဒါပေမဲ့ ပြန်သွားဖို့ကိုတွန့်ဆုတ်နေမိတုန်းပဲ"

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now