အခန်း ၆။ အတူတူနားမထောင်ဖြစ်တော့တဲ့ သီချင်းတွေ

3.1K 482 15
                                    

"စိတ်မဆိုးနဲ့နော် ခွင့်လွှတ်ပါကွယ် ကိုယ်ရိုင်းနေရင်
ကိုယ့်စိတ်ကအရင်ဒီလို မဟုတ်ဘူးကွယ် မင်းနဲ့မှ
ပြောင်းလဲကုန်ပြီ....
အားလုံးလည်းငါမယုံနိုင် မင်းလေးကို ဘယ်သူ့မှမပေး မပေး မပေးနိုင်ဘူး
မင်းငါ့အသည်း ငါ့အချစ်ပဲ
မင်းလေးကငါ့အတွက်ပဲ
လွန်တယ်လို့မင်းထင်လား
အဘိဓမ္မာ တရားမှာ
အချစ်က နှေးခံရင် ခံသွားနိုင်တယ်
တစ်ယောက်ယောက်ကဝင်လာပြီး လုသွားမှာလည်း
ဒီကောင်လေးကြောက်နေတယ်....."

ကားထဲက သီချင်းကြောင့် သူ့မျက်လုံးတွေကိုမှိတ်ချလိုက်သည်။ အကြိမ်ကြိမ်အခါခါနားဆင်ခဲ့ဖူးသည့်သီချင်းက ယခုအချိန်မှာတော့ နားမထောင်ချင်လောက်အောင် ဆို့နင့်လို့နေသည်။

အစ်မဟာ တကယ်ကို ဘုရားပေးခဲ့တဲ့ဆုလာဒ်တစ်ခုဖြစ်ပေမဲ့လို့ သူ့အတွက်မရှိမဖြစ်ဆိုပေမဲ့လို့ သူ့အတွက် ဘုရားသခင်က နှစ်သိမ့်ဖို့အတွက် တစ်ခဏလေးပေးခဲ့သော လက်ဆောင်လေလား။

သီချင်းတွေကိုနှစ်သက်သည့် အစ်မကထူးထူးခြားခြား ဝေဖန်ခဲ့ဖူးသည့်သီချင်းလေး။ အတ္တကြီးလိုက်တာတဲ့။ လူတစ်ယောက်ရဲ့အရာအားလုံးကို ပိုင်ဆိုင်ချင်တာဟာ အတ္တအကြီးဆုံးလုပ်ရပ်တဲ့လေ။
သီချင်းကိုကြိုက်ပေမဲ့ အဓိပ္ပာယ်ကိုမကြိုက်ဘူးတဲ့။

သူ့အတွက်ကရော အစ်မကအတ္တကြီးလွန်းတယ်မဟုတ်လား။ အချိန်တွေပြောင်းလဲသွားလို့ထင်ပါရဲ့။ အရင်ကလို အစ်မကမမျှတတော့ဘူး။ အရင်ကလို သူများအတွက် မတွေးပေးတော့ဘူး။ အရင်ကလို သူ့အတွက်မရှိတော့ဘူး။

အစ်မက ကြီးပြင်းသွားခဲ့ပြီလေ။ သူမရှိတဲ့ကာလတွေအတွင်း အစ်မဘာတွေဖြစ်ခဲ့လဲဆိုတာကို သူပြန်ကြားခဲ့ရပေမဲ့လို့ အစ်မရဲ့အတိတ်အကြောင်းမှာ သူမပါတော့ဘူး။ အစ်မက အတိတ်တွေထဲကရုန်းထွက်နိုင်ခဲ့ပြီထင်ပါရဲ့။

ဒါဆိုသူကရော သူကတော့မလွတ်တမ်းဖက်တွယ်ထားတုန်းလား။ လက်လွတ်ဖို့မဝံ့ရဲတာလား။ ရုန်းမထွက်နိုင်တာလား။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now