အခန်း ၂။ လွဲချော်သွားသောနွေဦး

5.4K 620 18
                                    

ဘယ်ရာသီကို သဘောအကျဆုံးလဲဟုမေးလာလျှင် သူ့အတွက်ဆိုရင်တော့ နွေဦးလို့အဖြေပေးမိပါလိမ့်မည်။
လူတော်တော်များများသည် နွေဦးရာသီကိုသဘောကျတတ်ကြပေမဲ့လို့ သဘောကျရခြင်း အကြောင်းပြချက်တွေသည်တော့တူသည်ရှိသလို မတူသည်လည်းရှိနိုင်သည်။
သူ့အတွက် အဘယ်ကြောင့်နွေဦးကိုသဘောကျရပါသလဲဟု မေးလာခဲ့လျှင် အဖြေဟာ အဝါရောင်မှိုင်းမှိုင်းတွေဟု ဖြေမိပါလိမ့်မည်။

ရင့်ရော်ဝါဆွေးနေသည့် သစ်ရွက်ကြွေတွေပြန့်ကျဲနေသောလမ်းဘေးနေရာတွေ၊ ခြံဝန်းတွေ၊ ကျောင်းပုရဝုဏ်အတွင်းက သစ်ရွက်ဝါတွေ ရိုးတံကျဲကျဲသစ်ပင်တွေ၏ အဝါရောင်သမ်းနေမှုတွေဟာ မျှော်လင့်ခြင်းကို ကိုယ်စားပြုနေသည်။ အသစ်တစ်ဖန်ပြန်ရှင်သန်လာဖို့ကိုပေါ့။

ဒီအကြောင်းနှင့်ပက်သက်၍ အစ်မကိုမေးခဲ့ဖူးသည်။ ဘာကြောင့်အဝါရောင်တွေကိုနှစ်သက်ခဲ့ရသလဲဟု။
မျှော်လင့်ချက်နဲ့ပျော်ရွှင်မှုဆိုသည့်စကားနှစ်ခွန်းဟာ ဘယ်လောက်လေးနက်သည်ဆိုတာကိုတော့ အသက်အရွယ်တစ်ခုကိုရောက်သည့်အချိန်မှ သူနားလည်နိုင်ခဲ့သည်။

"အပင်တွေကိုကြည့်လိုက်.. သူတို့ရဲ့ရွက်ကြွေတွေ ရိုးတံကျဲကျဲတွေကြောင့် အဝါရောင်သမ်းပြီး မလှပတော့ဘူးဆိုပေမဲ့လို့ အဲ့ဒီအဝါရောင်ကနေပဲ တစ်ဖန်ပြန်စိမ်းလန်းလာကြတယ် အဲ့ဒါမျှော်လင့်ချက်ပဲလေ ပြီးတော့ ပျော်ရွှင်လာကြတယ်။ အပြုံးတွေကို အဝါရောင်နဲ့ဖော်ပြကြတယ်"

သူတိတ်တခိုးမှတ်ချက်ချခဲ့မိသည်။ အစ်မရဲ့အပြုံးဟာလည်း အဝါရောင်ပျော်ရွှင်မှုတွေပါနေခဲ့သည်ဆိုတာကိုပေါ့။
အဲ့ဒီတုန်းက အစ်မရဲ့အပြုံးတွေဟာ လွတ်လပ်ပေါ့ပါးပြီး မျှော်လင့်ချက်၊ နွေးထွေးမှု၊ အကောင်းမြင်မှု၊ ပျော်ရွှင်မှုတွေနဲ့ တောက်ပနေခဲ့ပါသည်။

"နွေရာသီရောက်လာပြီဆိုရင်ကို ပျင်းစရာကောင်းလာတော့တာပဲ ငါတော့တကယ်ပျင်းတယ်ဟေ့"

အဆောင်အခန်းတူသူငယ်ချင်းက ပြတင်းပေါက်မြင်နေရသော ရွက်ကြွေတွေကိုကြည့်ကာ ကျယ်ကျယ်လောင်လောင် ညည်းညူလေသည်။ သူကတော့ဖြင့်ရယ်မောလိုက်ကာ ပြတင်းပေါက်ဖက်ကိုကြည့်လိုက်သည်။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးحيث تعيش القصص. اكتشف الآن