အခန်း ၄။ ရက်စွဲပျောက်တဲ့တနင်္ဂနွေ

3.6K 521 37
                                    

မှတ်မှတ်ရရ အဲ့ဒီနေ့ဟာ တနင်္ဂနွေနေ့ဖြစ်သည်။ ကျောင်းသွားစရာမလိုသလို အဆောင်မှာအေးအေးဆေးဆေးအိပ်လို့ကောင်းနေသည်။ ကမ်းရိုးတန်းတွေမှာ မုန်တိုင်းရှိသည်ဟူသော သတင်းကြောင့် မြန်မာပြည်အလယ်ပိုင်းဟာလည်း မိုးရိပ်မိုးငွေ့သမ်းနေသည်။

သစ်ရွက်ခြောက်တွေကိုလှဲကျင်းနေသော အန်တီစုကလည်း သူ့သမီးကိုအိပ်ရာထဖို့အော်ဟစ်နေသည်။ သူ့သမီးတင်မက တစ်ဆောင်လုံးအိပ်ရာနိုးတော့မည်။

အိပ်ရာကနေမထသေးဘဲ လူးလိမ့်ပြီးနေမိသည်။ ဘေးကုတင်က သူငယ်ချင်းဟာလည်း သူနည်းတူပဲအိပ်ရာပေါ်မှာလူးလိမ့်ရင်း ဖုန်းသုံးနေတာကိုတွေ့ရသည်။

"မနက်စာ ဘာစားကြမလဲ"

"ငါလည်းမသိဘူး"

"နေ့တိုင်းအဲ့ဒါစဉ်းစားရတာ အရမ်းပျင်းစရာကောင်းတယ်"

"ငါက ရပါတယ် နင်စားချင်တာသာစားလေ"

"အန်တီစုထမင်းကြော်ပဲစားရမလား"

ထမင်းကြော်ဆိုမှ အစ်မကိုတိုက်ဆိုင်စွာ သတိရမိပြန်သည်။ ကျောင်းပိတ်သည့်စနေ တနင်္ဂနွေနေ့တိုင်းမှာ အစ်မက သူ့အိမ်မှာ သူကိုယ်တိုင်ထမင်းကြော်စားလေ့ရှိသည်။ ဆနွင်းဝါဝါနှင့် ခြောက်နေအောင်ကြော်ထားသော ထမင်းကြော်ကို ငါးခြောက်ဆီပူထိုးရယ် ငရုတ်သီးထောင်းရယ်နှင့်အမြဲစားလေ့ရှိသလို ကျောင်းပိတ်ရက်တိုင်းမှာ သူ့အတွက်တော့ အစ်မနှင့်အတူတူမနက်စာစားသောရက်တွေပင်။

"မစားဘဲနေလိုက်ကြမလား နေ့လည်စာနဲ့ပေါင်းစားရမလား ပြန်အိပ်ရမလား"

"မနက်စာမစားရင် ဉာဏ်တုံးတတ်တယ်တဲ့"

မနက်စာမစားဖို့ဂျီကျတတ်သော သူ့ကိုမျက်ခုံးလေးပင့်ကာ ခြောက်တတ်သည့် အစ်မရဲ့စကားကို သူသုံးလိုက်မိသည်။ သူငယ်ချင်းဖြစ်သူကမျက်စောင်းထိုးတော့ သူခပ်တိုးတိုးရယ်လိုက်သည်။

သူငယ်ငယ်က အဲ့ဒီစကားတွေကိုအရမ်းကြောက်သည်။ အတန်းထဲမှာစာတော်လွန်းသော အစ်မကအရမ်းဉာဏ်ကောင်းတာကြောင့် သူ့ကိုကိုထက်ပင်သာသေးသည်။ ထို့ကြောင့် သူ့မေမေက ကျူရှင်ထားမရသည့်သူ့ကို အစ်မစာကျက်သည့်အချိန်တိုင်း စာအတူတူလိုက်လုပ်ခိုင်းရသည်။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now