အခန်း ၁၈။ အမှတ်တရစာ

2.5K 454 74
                                    

သာမန်ရိုးရှင်းလှတဲ့နေ့တွေလိုပါပဲ အစ်မထွက်သွားပြီးနောက်မှာ အချိန်တွေဟာပုံမှန်အတိုင်းဆိုပေမဲ့လို့ အထူးတလည်လွမ်းမိနေတာမျိုးမဟုတ်ဘဲ အချိန်တိုင်းမှာ သတိရနေတတ်တာမျိုးပါ။ ရှင်သန်လှုပ်ရှားနေရတဲ့ဘဝအတွက် အလုပ်တွေ နေ့စဉ်လှုပ်ရှားမှုဝေယျာဝစ္စတွေကို လုပ်နေရပေမဲ့လို့ စိတ်ထဲမှာ အစ်မကအလိုလိုရှိခဲ့ပြီးသားလေ။ ထုတ်ပြနေရတဲ့ပုံစံမျိုးမဟုတ်တော့တစ်ခုပါပဲ။ နှလုံးသားရဲ့အနက်ရှိုင်းဆုံးမှာ အစ်မကနှစ်ပေါင်းများစွာ နေရာယူခဲ့ပြီးသားပါ။

အစ်မရဲ့သက်ဆိုင်သူဖြစ်သော ငယ်သူငယ်ချင်းဟာလည်း သူ့ဆီကို မကြာခဏလာတတ်သလို သူတို့နှစ်ယောက်လည်း မကြာခဏဆိုသလို အစ်မရဲ့အကြောင်းပြောတတ်ကြတယ်။

တကယ်ဆို အချစ်လုဖက်တွေလို့ဆိုလို့ရပေမဲ့လို့ အစ်မရဲ့အကြောင်းတွေကို နားအလည်ဆုံးက သူတို့နှစ်ယောက်ပဲဖြစ်လို့နေသလို အစ်မအကြောင်းတွေစိတ်လိုလက်ရ နားထောင်ပေးတတ်သူကလည်း သူဖြစ်လို့နေတယ်။ အင်း အချစ်လုဖက်ဆိုတာထက် သူကပဲတစ်ဖက်သတ်လုချင်နေတဲ့သူလို့ပြောရမှာပေါ့။

တစ်လတစ်ခါလောက် ငယ်သူငယ်ချင်းရောက်လာတတ်သည့် တနင်္ဂနွေတွေဟာ အစ်မရဲ့အကြောင်းတွေ လွှမ်းမိုးတဲ့နေ့ပေါ့။ တိတ်ဆိတ်သည့် အအေးဆိုင်၊ ကော်ဖီဆိုင်တွေမှာထိုင်ကြရင်း ပြောမိတာတွေက သူတို့နှစ်ယောက်လုံးချစ်ရတဲ့သူအကြောင်းပေါ့။

အခုလည်းဒီလိုပါပဲ ကော်ဖီဆိုင်ရဲ့ထောင့်နေရာမှာ မသောက်ဖြစ်သည့်ကော်ဖီတွေကိုမှာရင်း သူတို့စကားပြောမိနေတာပေါ့။

အစ်မထွက်သွားတာဟာဆိုရင် ရာသီစက်ဝန်းတစ်ခုဖြစ်တဲ့ မိုးရာသီကိုတောင်ရောက်နေပြီ။ တောင်ပေါ်မြို့လေးရဲ့ စွေနေတဲ့မိုးရေစက်တွေဟာ တစ်မြို့လုံးကိုလွှမ်းခြုံလို့ အေးစက်စက်ဖြစ်နေသည်။ ကော်ဖီပူပူဟာ ဒီလိုအချိန်မှာ အရသာအလွန်ရှိကောင်းရှိနိုင်ပေမဲ့ သူကတော့ တစ်ခါမှ မမြည်းကြည့်ခဲ့ဘူးပေ။

"မန္တလေးမှာ အဲ့လောက်မရွာဘူး ဒီမှာအရမ်းရွာတာပဲ"

"ဟုတ်တယ် တောင်ပေါ်ဆိုတော့ မိုးပိုများတာပေါ့"

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးOnde as histórias ganham vida. Descobre agora