အခန်း ၉။ ပျောက်သောသူ

3.2K 418 17
                                    

ဟိုတယ်ရဲ့မှန်ပြတင်းကနေမြင်နေရသော မြို့တော်ကြီး၏ မီးရောင်တွေဟာ ငေးချင်စရာကောင်းသည်။ လျှပ်စစ်မီးရောင်ကြောင့် ကောင်းကင်ကတောင် အရောင်ဟပ်လို့နေသည်။ မိုးလေကင်းသောအချိန်မို့လို့ ကောင်းကင်မှာ ကြယ်စုတွေကို ဟိုတစ်ခုဒီတစ်ခုတွေ့ရသည်။

ဓူဝံကြယ်၊ ခုနှစ်စင်ကြယ် စသည့်ကြယ်စုဝေးတွေကိုရှာကြည့်ပေမဲ့ နဂိုကတည်းကမသိသည့်သူမို့လို့ရှာမတွေ့ပေ။ တစ်ချိန်က လပြည့်ညတွေမှာ ကောင်းကင်ကိုမော့ကြည့်လို့ ကြယ်တွေကိုရေတွက်ကြတာကို အမှတ်ရတော့ အလွမ်းကတငွေ့ငွေ့။

လွမ်းနေရုံပါပဲ။ အမှတ်မထင်တိုက်ဆိုင်တာတွေတွေ့ရင် ဦးနှောက်ကအလိုလိုအလုပ်လုပ်ပြီး နှလုံးသားထဲကသိမ်းဆည်းထားတာတွေကိုထုတ်ဖော်တော့တာပဲ။ နေသားကျနေပြီဖြစ်လို့ လွမ်းတယ်ဆိုတာလည်း အသွေးအသားထဲမှာ သွေးကြောတွေလို လှည့်လည်သွားလာနေပြီလေ။
သူနဲ့ဘယ်တော့မှခွဲလို့မရတော့သလိုမျိုးပေါ့။ တိုက်ဆိုင်မှုတိုင်းကို ဦးနှောက်ကအလိုလိုမှတ်သားပြီး နှလုံးသားကအလိုလိုခံစားသည်။

အိပ်မပျော်သော ညတွေမှာ ညဘက်ကောင်းကင်ကိုအခုလို အမြဲကြည့်ဖြစ်သည်။ အမှောင်ထု လွှမ်းခြုံထားသော ကောင်းကင်ပြင်မှာ အစ်မရဲ့ပုံရိပ်လေးကိုဖော်ကြည့်ရတာ သဘောကျသလို ညလေညင်းနဲ့အတူ စာကျက်တတ်သည့်အစ်မဟာ တစ်ခါတစ်လေကြတော့ စိတ်ကူးယဉ်ဆန်စွာ ကြယ်တွေကိုဆက်ပြီးပုံဖော်တတ်သေးသည်။

ကားတချို့သွားလာနေတာကို တွေ့နေရသေးသည်။ ညည့်နက်နေပြီဖြစ်သော်လည်း စားရေးသောက်ရေးအလုပ်ခွင်ကြောင့် ယခုအချိန်မှအိမ်ပြန်နိုင်သူတွေရှိလိမ့်မည်။
တစ်ချိန်တည်းမှာပဲ သူနဲ့ဝေးကွာခဲ့သော ကာလတွေအတွင်းမှာ အစ်မသည်လည်း ထိုသို့ရုန်းကန်ခဲ့ရဖူးမည်။
ယခုအချိန်မှာတော့ အစ်မသည်အရင့်ကျက်ဆုံးပွင့်လန်းလာပြီ။

အကယ်၍အစ်မသာထွက်ခွါမသွားခဲ့ရင်၊ သူတို့မဝေးခဲ့ကြရင် ယခုအချိန်မှာ အစ်မရဲ့အရင်ကလို အပြုံးနုနုနှင့်အဝါရောင်ပျော်ရွှင်မှုတွေကို ရမည့်သူဟာ သူဖြစ်နေမလားဟု တွေးမိတော့ ရယ်မောကာခေါင်းယမ်းမိသည်။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးTempat cerita menjadi hidup. Temukan sekarang