အခန်း ၁၅။ အကြောင်းပြချက်တွေမလိုပါဘူး

2.6K 476 25
                                    

နှစ်ပေါင်းများစွာ လွမ်းဆွတ်ခဲ့ခြင်းတွေဟာ အစ်မရဲ့အပြုံးနုနုအောက်မှာ အရည်ပျော်သွားရသလို အစ်မသူ့ကို မမှတ်မိခဲ့ခြင်းအကြောင်းအရင်းကိုလည်း အရေးတယူလုပ်ပြီး သူမမေးဖြစ်ခဲ့တော့။ အစ်မသူ့ကိုမှတ်မိသည်။ ဒါဆိုတော်လောက်ပါပြီ။ အကြောင်းပြချက်ဆိုတာမျိုးက ရေးကြီးခွင်ကျယ်လုပ်နေဖို့ မလိုအပ်ပါဘူးလေ။

အဲ့ဒီနေ့ကအိမ်ကိုပြန်ရောက်တော့ သူတော်တော်ကိုပျော်ရွှင်နေခဲ့သည်။ မိသားစုကတောင်မှ သူတော်တော်ပျော်ရွှင်နေမှန်းသတိထားမိသည်လေ။
အဲ့ဒီနေ့က ဒိုင်ယာရီထဲမှာ အစ်မကိုအဝါရောင်အတိတ်ပန်းချီတွေထဲမှာပြန်ရှာတွေ့ခဲ့တဲ့အကြောင်းကို တခမ်းတနားရေးဖွဲ့ခဲ့သည်။

"ဘာလို့အရမ်းပျော်နေတယ်လို့ခံစားနေရပါလိမ့်"

ရေနွေးကြမ်းတစ်ခွက်ကိုကိုင်ကာ ရောက်လာသော ကိုကို့ကြောင့် သူဒိုင်ယာရီကိုပိတ်လိုက်ကာရယ်ပြလိုက်သည်။ ကိုကိုကတော့ သူပိတ်လိုက်သည့်စာအုပ်ကိုတစ်ချက်အကဲခတ်ကာ သူ့ကိုပြန်ကြည့်လေသည်။

"ဒီလိုပါပဲ ပြောပြသင့်လား မပြောပြသင့်ဘူးလား"

"ပျော်ရွှင်ခြင်းတွေကို မျှဝေတာကောင်းတယ်မလား ပြောပါဦး ဘယ်လိုပျော်စရာကိစ္စတွေရှိခဲ့တယ်ဆိုတာကို"

ကိုကို့စကားကြောင့် သူနှစ်နှစ်ခြိုက်ခြိုက်ရယ်လိုက်မိသည်။ ဝဲကျလာသောဆံစတွေကို နားအနောက်ကိုညှပ်မိတော့ အစ်မရဲ့လက်ချောင်းသွယ်သွယ်လေးတွေကို သတိရသွားကာ သူပို၍သဘောကျသွားမိသည်။

"ဘာတွေက ပျော်စရာကောင်းနေတာလဲ"

"ကိုကိုသိလား အစ်မကိုပြန်တွေ့တယ်"

"ဘယ်သူလဲ"

ကိုကိုက သူ့စကားကိုစိတ်ဝင်တစားမေးလေသည်။

"ညှို့နိုင်လွန်း"

ကိုကို့ရဲ့မျက်ခုံးတွေကျုံ့သွားပြီး သူ့ကိုစူးစိုက်ကြည့်လာသည်။ အနည်းငယ်အံ့ဩသင့်နေဟန်ရှိသော ကိုကို့ကြောင့် သူပိုပျော်ရွှင်သွားရသည်။ အစ်မကိုတော့ ကိုကိုမေ့မှာမဟုတ်ဘူးလေ။ သူကိုယ်တိုင်ဝန်ခံခဲ့ဘူးသည်မဟုတ်ပါလား အစ်မလောက်ဆွဲဆောင်မှုရှိတဲ့မိန်းကလေးမျိုးကို သူမတွေ့ဖူးသေးပါဟု။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးOpowieści tętniące życiem. Odkryj je teraz