အခန်း ၂၃။ အဆုံးသတ်

4.7K 563 115
                                    

ရင်ကွဲနာကျသည်ဆိုတာကို သူစာအုပ်တွေထဲမှာဖတ်ဖူးသလို ရုပ်ရှင်တွေထဲမှာတွေ့ဖူးသည်။ ဘယ်လိုခံစားချက်ဆိုတာကို သူမသိခဲ့ပေမဲ့ကိုယ်ချစ်သောသူတွေနှင့် ခွဲခွါရသည့်အခါ ရင်ကွဲနာကျသည်။ သူလည်းအစ်မနှင့်ခွဲခွါရတော့ ရင်ကွဲနာကျသည်။

နီစွေးနေသည့်စိန်ပန်းတွေကိုမုန်းသည်။ အဝါရောင်တွေကို တွေ့တိုင်းငိုချင်သည်။ ညနေတိုင်းခြေရာချင်းထပ်အောင်သွားခဲ့ဖူးသည့်လမ်းမှာ တစ်ယောက်တည်းငိုသည်။ ရူးမတတ်ဖြစ်ရသည်ဆိုသောခံစားချက်ကို သူသိသွားခဲ့သလို ခွဲခွါရခြင်းဟာ တစ်ဘဝလုံးဖြစ်သွားခဲ့မှာကို ကြောက်သည်။

ကိုကိုနဲ့အတူ အစ်မရဲ့ကျောင်းအထိလိုက်သွားခဲ့ရင်း လိုက်ရှာသည်။ ပြန်လာခဲ့ရင်အကြောင်းကြားပေးပါလို့ပြောခဲ့သည်။ ရက်တွေ လတွေ နှစ်တွေကြာသည်။ ဆက်သွယ်မှုတစ်စုံတစ်ရာမရခဲ့။ အစ်မပြန်လာရင် ဖတ်လို့ရအောင် အဝါရောင်စာအိတ်တွေနဲ့စာတွေရေးသည်။ အစ်မတို့တက္ကသိုလ်ရဲ့စာတိုက်ပုံးမှာ အမြဲထည့်ခိုင်းခဲ့သည်။ သက်ဆိုင်သူဆီကိုမရောက်ဖြစ်ခဲ့သည့်စာတွေဟာ ဘယ်ကိုရောက်သွားလေလဲ သူမသိ။

အစ်မများပြန်လာလေမလားလို့ သောကြာနေ့ညနေတိုင်းမှာ ဘူတာကိုသွားခဲ့သည်။ ရထားကြီးထွက်ခွါသွားသည်အထိ သူထိုင်စောင့်သည်။ အစ်မကိုသူမတွေ့ခဲ့ပါ။ ပိတ်ထားပြီဖြစ်သော အစ်မရဲ့အိမ်ကလေးကို သူသွားသွားကြည့်သည်။ အစ်မအဖေကလည်း ဒီမြို့လေးကနေထွက်ခွါသွားပြီ။ လူသူကင်းမဲ့နေသည့်နေအိမ်ရှေ့မှာ သူအကြာကြီးထိုင်စောင့်ခဲ့သည်။ အစ်မရဲ့အရိပ်ကိုတောင် သူရှာမတွေ့ခဲ့ပါ။ ဆေးရုံဝန်းတစ်ခုလုံး အစ်မတို့အကြောင်းတွေကိုပြောကြသည်။ နားစွန်နားဖျားသူကြားသည်။ အစ််မရေပြန်လာပါတော့လို့ သူအော်ငိုချင်သည်။

စွယ်တော်တွေပွင့်သည်။ ရာသီတွေပြောင်းသည်။ သူသည်လည်းဒီမြို့ကလေးကနေထွက်ခွါရတော့မည်။ ရှစ်တန်းနှစ်ကုန်ခါနီးမှာ မေမေကဒီမြို့လေးကနေတောင်ပေါ်မြို့လေးကိုပြောင်းရတော့သည်။ ကိုကိုလည်း တက္ကသိုလ်ပြောင်းခဲ့ရသလို သူသည်လည်းကျောင်းပြောင်းခဲ့ရသည်။ စာမရဆုံးနဲ့စိတ်အလေဆုံးနှစ်တစ်နှစ်လည်းဖြစ်ခဲ့သည်။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now