Extra-5

5.2K 450 74
                                    

ဧပြီလရဲ့ မဟာသင်္ကြန်ကာလဟာ ပြီးဆုံးသွားပြီဆိုပေမဲ့လို့ မြန်မာနှစ်သစ်ဖြစ်သော တန်ခူးလရဲ့အစဟာ နှစ်သစ်ဆုတောင်းသံတွေနှင့် ပြည့်လျှံလို့နေသည်။ ကားထဲမှာဖွင့်ထားသော FM လိုင်းကလည်းနှစ်သစ်ဆုတောင်းသံတွေကိုကြားရသလို သင်္ကြန်သီချင်းတီးလုံးသံတွေကိုလည်းကြားရသည်။

ကားမောင်းနေသော မမကိုကျွန်မငေးကြည့်ရင်း ပြီးပြည့်စုံလွန်းသောသူကို ပိုင်ဆိုင်ထားရတော့ အနည်းငယ်မာန်တက်ချင်လာမိပေမဲ့လို့ တချို့သောအကြောင်းအရာတွေကိုတွေးမိသွားတော့ အနည်းငယ်တော့နေရခက်သွားမိသည်။ ဒါပေမဲ့လည်း ပြီးခဲ့တာတွေဟာပြီးပြီးသားတွေပဲကို ဘာလို့အစဖော်ပြီး ပြဿနာလုပ်နေဦးမှာလဲ။

အလုပ်ကိစ္စတွေကြောင့်မဟုတ်ဘဲတမင်သက်သက်ထွက်လာသော အပျော်ခရီးမှာ မမအရင်ကနေခဲ့ဖူးသော နေရာတစ်ချို့ကိုရောက်သွားခဲ့ကြသည်။ မမတက်ခဲ့ဖူးသော တက္ကသိုလ်၊ မမနေခဲ့ဖူးသောအဆောင်၊ ရထားစောင့်စီးခဲ့သောဘူတာ။ ခဏတာဆိုပေမဲ့လို့ မမလည်းသံယောဇဉ်ရှိမှာပေါ့။

အခုတော့ မမရော ကျွန်မရောပါနေခဲ့ဖူးသော နယ်မြို့လေးကို ပြန်သွားခဲ့ကြသည်။ ဒီနယ်မြို့လေးဟာ စစ်ကိုင်းတိုင်းရဲ့ပညာရေးမြို့တော်ဆိုသော ဂုဏ်ပုဒ်နှင့်အညီ နေရာအနှံ့အပြားမှာ ပညာရေးကြော်ညာဗီနိုင်းဘုတ်တွေကိုတွေ့ရသလို ဂုဏ်ထူးရှင်ကလေးတွေရဲ့ပုံတွေကိုလည်း အနှံ့အပြားတွေ့နေရသည်။ ကျွန်မနေခဲ့ဖူးသော ဘော်ဒါအဆောင်ရဲ့ ကြော်ညာကိုတွေ့တော့ အောင်ချက်ရာခိုင်နှုန်း ၉၈% လောက်ဖြစ်နေတာဟာ ဂုဏ်ယူစရာကောင်းနေသည်။ ဒီဘော်ဒါဟာအမြဲတမ်း သူ့ဂုဏ်ပုဒ်ကိုထိန်းထားမြဲ။

ဒီနယ်မြို့လေးကို ဘော်ဒါနေဖို့အတွက်သာ ကျွန်မလာခဲ့ဖူးပေမဲ့လို့ တကယ်ကိုကိုယ့်မြို့လိုခင်မင်နှစ်သက်သည်။ မြင်ဖူးရုံမျှသာရှိသော ပတ်ဝန်းကျင်ဟာ အများခြေမချဖူးပေမဲ့ ရင်းနှီးကျွမ်းဝင်လို့နေသည်။ နာရီစင်ကြီးဟာလည်း မြို့ကလေးကိုလာလည်သူတိုင်းကိုကြိုဆိုသည်။

မမနေထိုင်ခဲ့ဖူးသည့် ဆေးရုံဝင်းဘက်ကိုရောက်တော့ ကျွန်မအနည်းငယ်ရင်တုန်မိသည်။ မမနဲ့ပက်သက်သော အတိတ်တော်တော်များများဟာ ဒီနေရာလေးမှာဖြစ်ပွါးခဲ့ဖူးသည်မဟုတ်ပါလား။ ဆေးရုံအနောက်ပေါက်ကနေဝင်လိုက်သည်နှင့် မမကိုရင်းနှီးနေသောသူတွေဟာ နှုတ်ဆက်ကြတော့သည်။ အချိန်အကြာကြီးခွဲသွားရတာတောင်မှတ်မိနေကြဆဲဖြစ်သလို ရင်းနှီးဖော်ရွေနေဆဲ။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now