အခန်း ၁၇။ ခွဲခွါရခြင်းများ

2.6K 528 59
                                    

အစ်မနဲ့အတူတူဖြတ်ကျော်ခဲ့သည် ဒုတိယမြောက် ဆောင်းရာသီမှာတော့ အချိန်ကာလအတန်ကြာ အစ်မနဲ့ခွဲဖို့ဖြစ်လာတော့သည်။ ဒီဇင်ဘာလတွေမှာ တက္ကသိုလ်တွေရဲ့စာသင်နှစ်တွေစတင်ဖွင့်လှစ်တော့သည်။

အစ်မရောကိုကိုရောက နှစ်ယောက်လုံးတစ်မြို့ထဲမှာ အတူတူတက်ရမည်။ သူတို့နယ်မြို့ကလေးနဲ့ သိပ်မဝေးလှတဲ့မုံရွာမြို့ပေါ့။ အစ်မကတော့ စီးပွါးရေးမေဂျာကိုယူပြီး ကိုကိုကတော့ အင်ဂျင်နီယာကျောင်းတက်ရသည်။ အန်တီနွဲ့သမီးကတော့ အမှတ်လည်းကောင်းတော့ ဆေးတက္ကသိုလ်တက်ဖို့မကွေးကိုသွားရသည်။

ခရီးဆောင်အိတ်ထဲကို အဝတ်အစားတွေစီထည့်နေတဲ့ အစ်မကို အစ်မရဲ့ကုတင်ပေါ်မှာထိုင်ရင်းသူကြည့်နေမိသည်။ သူပေးထားသောရောင်စုံခဲတံဘူးလေးကိုပါထည့်လိုက်တော့ သူကျေနပ်သွားမိပေမဲ့ အစ်မကသူ့အနားမှာမရှိတော့ဘူးဆိုတော့ စိတ်ဓာတ်ကျမှုကအဆုံးထိရောက်လို့နေသည်။

"ကလေးလေး အသက်ကငယ်ငယ်လေးရှိသေးတယ် ဘာကိစ္စသက်ပြင်းတွေချနေတာလဲ"

သူ့ရဲ့သက်ပြင်းချသံကကျယ်သွားလို့ထင်သည်။ အစ်မကသူ့ကိုစနောက်တော့သည်။ သူကတော့ပြန်မဖြေမိဘဲ အစ်မကိုငေးကြည့်နေမိသည်။ ခေါင်းအစခြေအဆုံး ပြီးပြည့်စုံအောင်ဖန်ဆင်းပေးထားတဲ့ ဘုရားသခင်ရဲ့အပြောင်မြောက်ဆုံးလက်ရာဟုဆိုရလေမလား။ အစ်မသည် အရာအားလုံးထက်ကိုလှသည်။ အစ်မကြောင့် အစ်မနှင့်ဆက်စပ်နေသောအရာမှန်သမျှဟာလည်းလှသည်။

"ပူတူးကဘာလို့ အရမ်းငယ်နေရတာလဲ အစ်မနဲ့အတူတူသာဆိုရင် အခုချိန် အစ်မနဲ့အတူတူ တက္ကသိုလ်တက်ရမှာ"

"ငယ်တာကောင်းပါတယ် ပူတူးရယ် ကလေးဘဝဆိုတာ နောင်တစ်ချိန်မှာ ဘယ်တော့မှပြန်မရနိုင်တော့တာမျိုးလေ အသက်ကြီးလာလေ ယူရတဲ့တာဝန်တွေများလာလေပဲ ပြီးတော့ အသက်ကြီးလို့ပိုရင့်ကျက်လာလေ ပျော်ရွှင်ရတာတွေနည်းလာလေပဲ အစ်မတော့ ကလေးလေးကို အမြဲတမ်း ကလေးပဲဖြစ်နေစေချင်တယ် ကလေးဘဝကအပျော်ရဆုံးအချိန်တွေပါ ဘာမှမသိလေ ပိုပျော်ရလေပါပဲ"

"ပိုကြီးလာတော့မကောင်းဘူးလား အစ်မတာဝန်ယူထားရတာတွေကို ပူတူးလည်းခွဲယူပေးမယ်လေ ပျော်စရာဆိုတာကတော့ အစ်မနဲ့တူတူရှိရင်ပျော်စရာပဲကို"

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now