အခန်း ၁၂။ မပျော်ရတဲ့အခါ

2.7K 418 16
                                    

ရက်စွဲတွေ တရွေ့ရွေ့ကုန်လွန်သည်။ ရာသီတွေ ကူးပြောင်းကုန်ပြီ။ သစ်ရွက်တွေကြွေသည် ပြန်ဝေသည်။
မိုးရေစက်တွေကျဆင်းသည့် ကောင်းကင်ဟာ အခုဆို ဆောင်းရောက်တော့ မြူတွေဆိုင်းသည်။ နှစ်တစ်နှစ်ကုန်သည်။ ဘာမှမပြောင်းလဲဟုထင်ရသော်လည်း အချိန်ကာလတစ်ခုအတွင်းမှာ သူကျောင်းပြီးသွားပြီ။ ဘွဲ့ရသည်။ တက္ကသိုလ်ကျောင်းသူဘဝဟာ ပြီးဆုံးသွားခဲ့ပြီ။

ဒီကာလတွေအတွင်းမှာ အစ်မနဲ့လည်းမတွေ့ဖြစ်ခဲ့သလို ငယ်သူငယ်ချင်းနဲ့တွေ့တိုင်း အစ်မပါတယ်ဆိုရင် သူသွားမတွေ့ဖြစ်ခဲ့တော့။ တမင်တကာရှောင်နေတာလားဆိုရင်တော့ ဟုတ်တယ်လို့သူဖြေမိမည်။

အစ်မကိုမြင်လိုက်တိုင်း လွတ်ထွက်သွားသည့် သူ့ကိုယ်သူ သူကြောက်မိသည်။ အစ်မကိုတွေ့တိုင်း ရှေ့ဆက်လှမ်းမိမဲ့ ခြေလှမ်းတွေကိုကြောက်သည်။ အစ်မကိုမြင်တိုင်း ဖက်တွယ်ထားမိမှာကိုကြောက်သည်။ လက်မလွတ်နိုင်မှာကိုကြောက်သည်။ သူ့ခံစားချက်တွေကို အစ်မသိသွားမှာကြောက်သည်။ အစ်မရဲ့ အမြဲတမ်းညီမလေးဖြစ်နေမှာကို သူကြောက်သည်။

အစ်မရေ..ညီမလေးက ဘယ်သူပါလို့မိတ်ဆက်လိုက်သည့်အခါ အစ်မရဲ့တစ်ချိန်က ညီမလေးအဖြစ်နဲ့ဆက်ဆံခံရမှာကြောက်သည်။ အစ်မအပေါ်မရိုးသားသည့်စိတ်တွေဟာ သူအသက်ကြီးလာလေ အမြစ်တွယ်လာလေဖြစ်နေတာကို အစ်မကိုပြောပြရမှာကိုလည်းကြောက်သည်။

အစ်မ အဆင်ပြေနေသည် ပျော်နေသည် သူ့ချစ်သူနှင့်အဆင်ပြေသည် ဒီလောက်ဆိုတော်ပါပြီ။ အစ်မအနားမှာနေမိလို့ ထာဝရနစ်မြောခြင်းကို သူကာကွယ်ရမည်။

သို့သော်လည်း ကံတရားဟာ မျက်လှည့်ဆန်သည်။ ရူးရူးမူးမူးတွေ့ချင်နေသည့်အချိန်တုန်းက ဘယ်တော့မှဆုံခွင့်မပေးခဲ့ဘဲ ပြန်တွေ့ကြသည့်အခါမှာလည်း လွဲချော်နေသော တွေ့ဆုံခြင်းကိုသာ ဦးတည်သည်။ ယခုသူရှောင်နေမိပြန်တော့လည်း ကံတရားဟာ အစ်မကို သူ့ဆီဆိုက်ဆိုက်မြိုက်မြိုက်ပို့ဆောင်သည်။

သူဘွဲ့ရသွားတော့ အလုပ်ဝင်ဖို့ဖြစ်လာသည်။ မေမေရဲ့အကူအညီနှင့်ပဲ မေမေရှိသောဆေးရုံမှာ တာဝန်ကျသည်။ သွားဆရာဝန်တွေက အလုပ်သက်သာသည်ဟုဆိုရမည်။ စီနီယာတွေလည်းရှိတော့ သူ့အလုပ်က တစ်ပတ်မှာမှ သုံးရက်ပဲ ဂျူတီသွားရသည်။ အပြင်ဆေးခန်းအနေကလည်း စီနီယာရဲ့ဆေးခန်းမှာ ဂျူတီမရှိသည့်ရက်ဆိုထိုင်တော့ အဆင်ပြေသည်။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now