ပြတင်းပေါက် ဘောင်ပေါ်မှနေ အပီအပြင်
ဒေါကန်နေသည့် ညံကိုကြည့်ရင်း သျှားက
ရယ်၏။ပြီးနောက်မှာတော့

"မင်းကို သူက စိတ်ပူလို့ နေမှာပါ။ဒါနဲ့ ရွှေရေးကို
မတွေ့ပါလား။"

"ငါ သူနဲ့ အဲ့ကိစ္စပြီးကတည်းက မခေါ်တော့တာ။
စာမေးပွဲပြီးတာနဲ့ သူနဲ့အတူတူ
မနေချင်လို့ ဒီအိမ်ဆီ ငါပြေးလာတာပဲ"

သျှား အံ့ဩသွားရပြီး

"ဟေ့ကောင် ညံ။မင်း ကလေးဆန်လှချည်လား"

"သွားတိုင်တဲ့သူကတော့ လူကြီးဆန်တာပေါ့လေ။
သူ့ကြောင့် ငါ အမေ့ဆီကနေ ဘယ်လောက်တောင်..."

ညံက ဦးတည်ရာမဲ့ လက်ညိုးထိုးပြကာ မတရား
ခံရသည့်လူလို ဒေါသထွက်ပြနေခဲ့သည်။သူက
စကားတို့ကို အလျင်မပြတ် ပြောမိပြီးမှ
သျှားနှင့် မဆိုင်ဘူးဆိုတာ သတိရသွားကာ

"ထားပါတော့။ဘာပဲဖြစ်ဖြစ် သူ့ကို ငါ
အသေမုန်းတာပဲ"

စကားစ ဖြတ်လိုက်ပြီးနောက် အိပ်ရာပေါ်မှ ထကာ ရောက်တတ်ရာရာစကားတွေ ဆက်ပြောနေသည့် သျှားကတော့ ညံ၏ မှိုင်းညို့သွားသည့် မျက်ဝန်းလေးတွေကို မမြင်လိုက်မိပေ။

_________________________

ကသစ်သည် သူမ၏ ကျောပိုးအိတ်အသေးလေးနှင့် စာအုပ်အထူကြီးကို ပွေ့ပိုက်ကာ လမ်းထဲမှ
‌ဖြတ်လျှောက်သွားသည်။သျှား ညံတို့အိမ်မှာ
ရှိနေတုန်း ကသစ်ကို တစ်ယောက်တည်း
မြင်လိုက်ရတာမို့ ထူးဆန်းသွား၏။သူ့သမီးကို
အမြဲ ဥစ္စာခြောက်တတ်သော အဖိုးကြီးက
ဒီလိုမျိုး တစ်ယောက်တည်းလည်း ပစ်ထားတတ်
သည် တဲ့လား။

သျှား စကိတ်ဘုတ်ကို ဆွဲလို့ ကသစ်နောက်မှ လိုက်သွား လိုက်သည်။လူလိုက်လာတာ
သတိထားမိသည့် ကောင်မလေးက ခပ်သွက်သွက် လှမ်းနေပြီး သတိမမူဘဲ
ချော်လဲတော့၏။

ဒူးဖုံးရုံ ဂါဝန်စလေးကို အသာလှပ်ရင်း ကသစ်က
သူ့ဒဏ်ရာကို လက်နှင့် ယပ်ခတ်သည်။သျှား
ကိုလည်း ဒေါသတကြီးဖြင့် မော့ကြည့်လာပြီး
ဆူ‌ဆဲတော့မယောင်။သို့ပေမဲ့ လိုက်လာသူက
သျှားဆိုတာလည်း သိရော ငြိမ်ကျသွားပြီး
သူ့စာအုပ်တွေကို လိုက်ကောက်ပြန်သည်။

Total Where stories live. Discover now