အခန်း၁၉၈

Start from the beginning
                                    

စုန့်ရှီးယွီ ရုတ်တရက် ငြိမ်သက်သွားသည်။ သူ့လက်ချောင်းတွေကို ယှက်ကာ ဖြည်းညှင်းစွာပြောတယ် "မင်းဒါကို ပိုက်ဆံအတွက်လုပ်​နေတာမဟုတ်ဘူးလား။ တစ်ခုတည်းသော အရေးကြီးတဲ့အချက်က ကိုယ်မင်းကို ဆက်ပြီး ပေးချင်မလားဆိုတာပဲ။ ကိုယ်မင်းကို တွေ့ရတဲ့ရည်ရွယ်ချက်ကို စိတ်မဝင်စားလဲရတယ်မလား။"

ကျီဖန်ယင်းက သူ့မေးခွန်းကို မဖြေပေ။

အမှန်က သူမသည် အက်ပ်ကို အပ်ဒိတ်လုပ်ထားပြီးဖြစ်သည်။ သူမ အခုလုပ်ရန်လိုအပ်သည်မှာ အက်ပ်ထဲသို့ ဝင်ကာ စုန့်ရှီးယွီ၏အကောင့်ကို ဖယ်ရှားရန်သာ ဖြစ်သည်။ ဒါဆို အားလုံးပြီးသွားလိမ့်မည်။

သူမအရင်က စုန့်ရှီးယွီဆီသို့ သူမ ယခင်က ပေးပို့ခဲ့သော inviteသည် အသုံးမဝင်တော့ဘူးဖြစ်သွားလိမ့်မည်။ inviteအသစ်မရှိပါက၊ ကြိုတင်မှာယူခြင်းအက်ပ်ကို ဘယ်တော့မှ ဝင်သုံးနိုင်တော့မည်မဟုတ်ပေ။

ဒါပေမယ့် သူ့ကို အလွန်အမင်း စိတ်အနှောင့်အယှက် မဖြစ်ရအောင် ကျီဖန်ယင်းက နာရီကို တစ်ချက်ကြည့်ပြီး "အချိန်ရောက်ပြီ။ ဒီနေ့ ကြိုတင်စာရင်းသွင်းထားတာကို ဆက်လုပ်ချင်သေးလား။"

"အင်း" လို့ စုန့်ရှီးယွီက ပြုံးပြီး ပြန်ဖြေတယ်။ သူ့စိတ်ခံစားချက်များပို အပြည့်အဝ မထိန်းချုပ်နိုင်သေးတာကြောင့် သူ၏ပုံမှန် ကျက်သရေရှိသော အပြုံးသည် အပေါ်ယံဆထုတာ သိသာနေသည် "မဟုတ်ရင် ဘိုင်ကျိုးကို အချိန်အလကားပေးလိုက်သလိုဖြစ်သွားမှာပေါ့။"

ကျီဖန်ယင်းက စုန့်ရှီးယွီက အရမ်းစဉ်းစားလွန်းနေတယ်လို့ တွေးမိသည်။

သူမ မစ္စစ်ဘိုင်နှင့် သဘောတူညီမှုရပြီးနောက်ပိုင်း ငွေသုံးဆရနိုင်မည့် ဘိုင်ကျိုးသည် သေချာပေါက် သူမ၏နံပါတ်တစ်ဖောက်သည်ဖြစ်လာပြီဖြစ်သည်။ အဲဒီ့ထက် ပိုကောင်းတဲ့ ငွေသစ်ပင်ကြီးတာရှိတော့ဘူး။

ဘာပဲဖြစ်ဖြစ်

ကျီဖန်ယင်းဟာ သူမရဲ့နံပါတ်တစ်ဖောက်သည်ဆီကဆိုရင်တောင် ဘယ်တော့မှ အလကား အလုပ်လုပ်မပေးပေ။

စုန့်ရှီးယွီထံမှ ငွေကိုသိမ်းကာ ခွင့်တစ်ရက်ယူရန်လုပ်ခဲ့သော်လည်း ဖောက်သည်က ရှေ့ဆက်ရန် တောင်းဆို​နေတာကြောင့် အလုပ်လုပ်ရတော့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now