အခန်း၄၅

2K 283 1
                                    

စုန့်ရှီးယွီသည် ကျီဖန်ယင်းကို အခုမှ ပထမဆုံးအကြိမ် သိကျွမ်းလိုက်သည့်အတိုင်း ​စေ့စေ့ကြည့်လိုက်သော်လည်း သူ့ကိုယ်ပိုင်အကြောင်းပြချက်ဖြင့် သူမ၏ 'ပုံမှန်မဟုတ်သောတုံ့ပြန်မှု'ကို ဆင်ခြင်တုံတရားဟု သုံးသပ်ခဲ့သည်။

ကျီဖန်ယင်းက ကျီရှင်းရှင်းရဲ့ပုံစံကိုတောင် အမှားအယွင်းမရှိ သရုပ်ဆောင်နိုင်တာပဲ၊ ငါ့ကိုလည်း မကြိုက်ချင်ယောင်ဆောင်နိုင်မှာပေါ့။ သူမလျစ်လျူရှုနေတာက သေချာပေါက် ဂုဏ်သိက္ခာကို အရမ်းတန်ဖိုးထားလို့ဖြစ်မယ်။

စုန့်ရှီးယွီသည် ကျီဖန်ယင်း၏ဟန်ဆောင်မှုကို နှာရှုံ့လိုက်ကာ "ငါ့အချိန်ဇယားကို ကောင်းကောင်းမစီစဉ်မိလိုက်ဘူး။ မင်းအခုပြန်လိုက်တော့ ငါမင်းကို နောက်မှ ဖုန်းဆက်လိုက်မယ်။"

ကျီဖန်ယင်းက "ငွေပြန်အမ်းမပေးဘူးနော်"

စုန့်ရှီးယွီက သူမကို သနားမှုဖြင့် ကြည့်လိုက်ပြီး "ယွမ်နှစ်သိန်းလေးတင်ပဲကို ငါ့ကိုပြန်မအမ်းခိုင်းပါဘူး။"

ကျီဖန်ယင်းသည် သူမ၏ဖောက်သည်များထံမှ တောင်းဆိုသော စံနှုန်းတစ်ခုမှာ ရက်ရောမှုပင်ဖြစ်ပြီး စုန့်ရှီးယွီနှင့် ဘိုင်ကျိုးသည် အနည်းဆုံး ထိုကဏ္ဍတွင်တော့ အရည်အချင်းပြည့်မီ​ကြသည်။

ငွေပြန်မတောင်းရန်ဟူသော စုန့်ရှီးယွီ၏ကတိကိုရရှိပြီးနောက် ကျီဖန်ယင်စ၏အပြုံးသည် ပို၍ရိုးသားလာသည်။ "ဟုတ်ပြီ၊ ဒါဆိုမနှောင့်ယှက်တော့ဘူးနော်။ သခင်လေးစုန့် နောက်မှတွေ့ကြတာပေါ့။"

စုန့်ရှီးယွီကို နောက်တွင်ထားခဲ့ပြီး သူမသည်တော့ ပျော်ရွှင်စွာ အိမ်ပြန်သွားခဲ့သည်။

'နှစ်ရက်ဆက်တိုက် ပိုက်ဆံအလကားနီးပါရတာ ဘယ်လိုလုပ်မပျော်ဘဲနေမှာလဲ။'

ကျီဖန်ယင်းသည် ညမိုးချုပ်သည်အထိ ရုပ်ရှင်ကြည့်ရန် အိမ်ပြန်ဖို့ စီစဉ်ခဲ့သော်လည်း စက်လှေကားပေါ်မှဆင်းလာချိန်တွင် ထွက်ရှိထားတာသိပ်မကြာသေးတဲ့ ရုပ်ရှင်ကြော်ငြာပိုစတာတစ်ခုကို သတိထားမိခဲ့သည်။

ထိုရုပ်ရှင်သည် လျှို့ဝှက်ဆန်းကြယ်သော သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ခုဖြစ်ပြီး ဒါရိုက်တာသည် ပြီးခဲ့သည့်ရက်အနည်းငယ်က သူမကြည့်ရှုပြီး သဘောကျခဲ့သော လက်ရာများကို ရိုက်ကူးခဲ့သူဖြစ်ကြောင်း သူမသတိပြုမိခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now