အခန်း၁

6.3K 356 1
                                    

ကျီဖန်ယင်းသည် သေပြီး ခဏအကြာတွင် ပြန်အသက်ရှင်လာသည်။

သူမ သတိပြန်ရလာသောအခါတွင် သူမသည် မြစ်ကမ်းစပ်တွင် ထိုင်နေလေသည်။ သူမ၏ဆံပင်နှင့်အဝတ်အစားများအားလုံးသည် ရေများဖြင့် စိုရွှဲနေပြီး လေအေးများတိုက်ခတ်လာချိန်တွင် သူမသည် တကိုယ်လုံးတုန်ယင်သွားသည်။  သူမဘေးနားက လက်ကိုင်ဖုန်းသည်လည်း မရပ်မနား တုန်ခါနေသည်။

ကျီဖန်ယင်းသည် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းသည့် လက်ကိုင်ဖုန်းကို ကောက်လိုက်ပြီး အဖေဟုသော နာမည်ကိုမြင်သောအခါ မသိစိတ်မှ ကိုင်လိုက်မိသည်။

ဖုန်း၏အခြားတစ်ဖက်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားအသံက “မင်းဘယ်မှာလဲ” ဟု အသံနက်ကြီးဖြင့် မေးသည်။

ကျီဖန်ယင်းသည် လက်ကိုင်ဖုန်းကို သံသယဖြစ်စွာ ​ပြန်ကြည့်လိုက်သည်။ တကယ်ကို[အဖေ]ပေ။

——ဒါပေမယ့် သူမအဖေရဲ့အသံမဟုတ်ဘူးလေ?

“ဒီနေ့က ရှင်းရှင်း နိုင်ငံခြားသွားရမယ့်နေ့​ဆိုတာ မသိဘူးလား။ အမျိုးတွေအကုန်ဟိုတယ်မှာသူ့ကိုနှုတ်ဆက်နေကြတာကို သူ့အစ်မအရင်းဖြစ်တဲ့ မင်းကမရှိရင် ဘယ်လိုပုံစံဖြစ်သွားမတုန်း။ သူ့အတွက် ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်မလဲ။" အဲဒီလူကဆက်ပြီး “ဟိုတယ်ကို ခုချက်ချင်းလာခဲ့၊ ဘယ်မှာလဲဆိုတာသိတယ်မလား”

ထို့နောက် 'ပီပီ...' ဟူ​သော အသံနှင့်အတူ ဖုန်းချသွားသည်။

ကျီဖန်ယင်းသည် သူမဖုန်းကို အမြန်​ထပ်ကြည့်လိုက်ပြီး နောက်ဆုံးမှာမှတ်မိသွားသည်။ 'ငါ့အဖေ ဆုံးသွားတာ သုံးနှစ်ရှိပြီလေ။'

—…… လိမ်တဲ့ပုံစံအသစ်လား?

ဒါကို သူမတွေးရင်း မည်းမှောင်နေတဲ့ ဖန်သားပြင်ကို ငုံ့ကြည့်လိုက်တော့ ထူးဆန်းတဲ့ မျက်နှာတစ်ခုပေါ်လာတာကို ရုတ်တရက် တွေ့လိုက်ရတယ်။

ကျီဖန်ယင်း ရုတ်တရက် အသိတစ်ခုဝင်လာသည်။  သူမသည် လက်ကိုင်ဖုန်းကို အမြန်lockဖွင့်ကာ ဆယ်လ်ဖီရိုက်သော ဖုန်း၏အရှေ့ဘက်ကင်မရာကိုဖွင့်လိုက်ချိန်ပြီး သူမနှင့်မသက်ဆိုင်သောမျက်နှာကိုမြင်သောအခါ တိတ်ဆိတ်သွားသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now