အခန်း၇၄

1.8K 251 3
                                    

ထုံးစံအတိုင်း ဘိုင်ကျိုးက စုန့်ရှီးယွီကို မယုံပေ။ သူက "တစ်ညလုံး မင်းကို ပြုစုပေးခဲ့တဲ့သူကဘယ်မှာလဲဆိုတာ မင်းက ဘယ်လိုလုပ် မသိဘဲ​နေမှာလဲ"

နှစ်ယောက်သား မျက်လုံးချင်းဆုံသွားကြပြန်သည်။  တစ်ယောက်က အပြုံးတုတပ်ထားပြီး နောက်တစ်ယောက်ကတော့ အထင်သေးသောအကြည့်ဖြင့်။ ဤသို့ဖြင့် သူတို့နှစ်ဦး လမ်းခွဲလိုက်ကြသည်။

ဘိုင်ကျိုးဟာ ရှိန်ပိန်ခွက်ကိုယူလိုက်​ပြီး နေရာတစ်နေရာရှာကာ သူ့အဖေရဲ့ အတွင်းရေးမှူး ပြန်မလာမချင်း စောင့်နေလိုက်သည်။ သို့သော်လည်း သူကဲ့သို့ နောက်ခံရှိသူတစ်ယောက်သည် အာရုံစူးစိုက်မှု၏ဗဟိုတွင်ရှိနေဆဲပင်ဖြစ်သည်။ သူစဝင်လာကတည်းက မျက်လုံးများစွာက သူ့ကို စိုက်ကြည့်နေခဲ့သည်။ ဘိုင်ကျိုးက စိတ်မရှည်စွာ သူတို့ကိုတစ်ယောက်ပြီးတစ်ယောက်နဲ့ ဆက်ဆံ​နေရပြီး စုန့်ရှီးယွီသည်လည်း သူ့ထက်အခြေအနေက ပိုကောင်းမနေပါ။

ဤအခိုက်အတန့်တွင် စန်းရှန်းရန် စတင်ပါဝင်လာတာဖြစ်ပါသည်။

ဘိုင်ကျိုးက သူ့ကို အစကတည်းက သတိမထားမိပေ။ သူ့ဘေးနားက အမျိုးသမီးတစ်ယောက်က "အဲဒီလူငယ်လေး ကျွန်မတို့ကိုဓာတ်ပုံရိုက်နေတာလား"ဟု မေးလိုက်တဲ့အခါမှသာ သူသည် ခေါင်းကိုလှည့်ကာကြည့်လိုက်တယ်။

မာနကြီးသော သခင်လေးဘိုင်သည် စန်းရှန်းရန်ကို မမှတ်မိခဲ့ပေ။

စန်းရှန်းရန်သည် ဖုန်းဖြင့် စာရိုက်ရန် ခေါင်းငုံ့ထားတာကြောင့် သူ၏ဆံဖျား အနည်းငယ်သည် ကျဆင်း​နေသည်။ သူ၏ သပ်ရပ်သော မျက်နှာအစိတ်အပိုင်းများနှင့် သန့်စင်စွာရိတ်ထားသော အောက်မေးရိုးများကိုသည် နူးညံ့သော အသွင်အပြင်ကို ပေးစွမ်းသည်။ သူသည် ဘိုင်ကျိုးက လုံးဝစိတ်မဝင်စားသော သာမန်ကျောင်းသားကောင်းတစ်ယောက်လိုပါပဲ။

ဘိုင်ကျိုးသည် အကြည့်ကိုလွှဲတော့မည့်အချိန်တွက် ထိုလူသည် ရုတ်တရတ် စာရိုက်နေရာမှ ခေါင်းကို မော့လာသည်။

ဘိုင်ကျိုး၏အကြည့်ကို သတိပြုမိသောအခါ စန်းရှန်းရန်က သူ့ကို ပြုံးပြလိုက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူDove le storie prendono vita. Scoprilo ora