အခန်း၉၆

1.6K 208 1
                                    

"မစ္စတာစုန့်"

စုန့်ရှီးယွီ ရောက်ရှိလာချိန်သည် ပိတ်ချိန်​ရောက်နေပြီဖြစ်သော်လည်း မန်နေဂျာက သူဖုန်းကြိုတင်ခေါ်ထားသည့်အတွက် အပြင်တွင် စောင့်နေဆဲဖြစ်သည်။ "တကယ်ဆို မစ္စတာစုန့် ကျွန်​တော်တို့ရဲ့ ထုတ်ကုန်တစ်ခုခုကို လိုချင်တယ်ဆို အော်ဒါတင်လိုက်လို့ရပါတယ်၊ မနက်ကျ မစ္စတာစုန့်ဆီ အရောက်ပို့ပေးမှာပါ။ ဒါဆို မစ္စတာစုန့်လ​ည်း အလုပ်ရှုပ်မှာမဟုတ်ပါဘူး။"

"မင်းကို အချိန်ပိုဆင်းခိုင်းမိသွားလို့ တောင်းပန်ပါတယ်" စုန့်ရှီးယွီက ညင်သာသောလေသံဖြင့် ပြောလိုက်ကာ ဆိုင်ထဲသို့မ၀င်ခင် ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော် ပျောက်သွားတဲ့ လက်ကောက်ကို ပြန်ဝယ်ချင်လို့ပါ။"

"စိတ်ကြိုက်ဒီဇိုင်းတို့၊ limitedပစ္စည်းတို့ကို ချက်ချင်း ပြန်ဝယ်ဖို့က နည်းနည်းခက်ပါတယ်။" ဟု ဆိုင်မန်နေဂျာက စိုးရိမ်တကြီး ပြန်ပြောသည်။

"စိတ်မပူပါနဲ့" စုန့်ရှီးယွီက လက်ကောက်များပြထားသော ကောင်တာကို ပတ်ကြည့်ရင်း ပြန်ဖြေတယ်။ "မင်းဆိုင်က ကျွန်တော်ဝယ်ခဲ့တဲ့ အမျိုးသမီးဝတ်စုံsetရှိတယ်၊ အဲ့ထဲက ပါလာတဲ့ လက်ကောက်ပါ၊ မှတ်မိရဲ့လား။"

"ဟုတ်​ကဲ့၊ ကျွန်တော်ကိုယ်တိုင်ထည့်ပေးလိုက်တာဆိုတော့ မှတ်မိပါတယ်။" ဆိုင်မန်နေဂျာက သက်ပြင်းတစ်ချက်ချပြီး "အဲ့ဒီ အမျိုးသမီးက လက်ကောက်ကို နေရာမှားထားမိသွားတာလား။ ကံကောင်းတာ​က ကျွန်တော်တို့ဆီမှာ ပစ္စည်းရှိပါသေးသည်။ ကျွန်​တော် အခု လိုက်​ပြပေးပါမယ်။"

"အဲဒီလက်ကောက်နဲ့setလိုက် စုံတွဲလက်ကောက်ကို လိုချင်တာပါ။" ဟု စုန့်ရှီးယွီက ဆိုသည်။

ဒါကိုကြားတော့ ဆိုင်မန်နေဂျာက အံ့သြသွားတယ်။ "မစ္စတာစုန့် အဲ့တာကို မဝယ်​ဖူးသလိုပဲ..."

"လူတစ်ယောက်က ကျွန်တော့်ကို လက်​ဆောင်ပေးတာပါ။" ဟု စုန့်ရှီးယွီက အပြုံးဖြင့် ပြန်ဖြေသည်။ "အဲ့လက်ဆောင်က တကယ်စိတ်ရင်းနဲ့ပေးတာဆိုတော့ ပျောက်သွားတာ နည်းနည်းရှက်စရာကောင်းနေတယ်။"

ဆိုင်မန်နေဂျာက ခေါင်းညိတ်ကာ "ကျေးဇူးပြုပြီး ဒီမှာခဏစောင့်ပေးပါ။ ကျွန်တော် သွားယူ​ပေးပါမယ်။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now