အခန်း၁၂၃

1.5K 219 0
                                    

ကျီဖန်ယင်းသည် ဘိုင်ကျိုး၏အိမ်သို့မသွားခင် သူမ၏တိုက်ခန်းသို့ ပြန်ကာ ပန်းချီကားကို ထားခဲ့ရသေးသည်။ သူမသည် တက္ကစီပေါ်တွင် စူပါမားကတ်deliအက်ပ်တွင် ပစ္စည်းများကို အလျင်အမြန်ရွေးချယ်ပြီး ဘိုင်ကျိုး၏ကွန်ဒိုသို့ ပို့ခိုင်းခဲ့သည်။

စိတ်ဝင်စားစရာကောင်းသည်မှာ သူမသည် deliအက်ပ်တွင် သူမ၏ကိုယ်ပိုင်ပစ္စည်းများထပ် ဘိုင်ကျိုး၏အိမ်သို့သာ ပို့ဆောင်ခဲ့ခြင်းက ပိုမိုများပြားနေကြောင်းကို သူမတွေ့ရှိခဲ့သည်။

ကျီဖန်ယင်း ရောက်သွားသောအခါတွင် အိမ်​တော်ထိန်းသည် deliထံမှ ဟင်းသီးဟင်းရွက်များ၊ အသားများနှင့် ပင်လယ်စာအထုပ်များကို လက်ခံထား​ပြီဖြစ်ကြောင်းကို သူမတွေ့လိုက်ရသည်။ သူမသည် သူသယ်ထား​သော အိတ်များစွာထဲမှ အချို့ကို ယူကူပေးလိုက်ကာ နှစ်ယောက်စလုံး ဓာတ်လှေကားပေါ်သို့ တက်ခဲ့ကြသည်။

"မစ္စကျီက မစ္စတာဘိုင်ကို အရမ်းဂရုစိုက်တဲ့ပုံပဲ။" အိမ်တော်ထိန်းသည် ယဉ်ကျေးသော အပြုံးဖြင့် ပြောသည်။ "ကျွန်တော့်မှာလည်း ညီလေးတစ်ယောက်ရှိပေမယ့် မစ္စလောက် ကောင်းကောင်းမဆက်ဆံခဲ့ဘူး။ မစ္စတာဘိုင်သည် ဒီမှာနေတာကြာပြီဆိုပေမဲ့ မစ္စတစ်ယောက်ပဲ မစ္စတာဘိုင်ဆီကို လာလည်တာ။ အရင်တုန်းက မစ္စတာဘိုင် သူငယ်ချင်းတွေ ခေါ်လာခဲ့ဖူးပေမယ့် အရမ်းရှားတယ်။"

ကျီဖန်ယင်းက ပြုံးကာ ပြန်ပြောတယ် "ဟုတ်တယ်၊ သူက တခြားသူတွေနဲ့ ပေါင်းသင်းရင် သိပ်ပြီးအဆင်မပြေဘူး။ သူ့ရဲ့ပင်ကိုယ်စရိုက်က တကယ်ကို စိုးရိမ်စရာကောင်းတယ်။"

တကယ်စိတ်ပူရတဲ့လူတွေက ဘိုင်ကျိုးရဲ့ မိသားစုဝင်တွေပေါ့။

ခဏကြာတော့ ဓာတ်လှေကားက အပေါ်ထပ်ကို ရောက်သွားသည်။ တံခါးပွင့်လာချိန်တွင် အပြင်ဘက်တွင် ရပ်နေသော စိတ်တိုနေသည့် ဘိုင်ကျိုးကို မြင်လိုက်ရသည်။

"မင်းနောက်ကျတယ်" ဟု စိတ်မရှည်စွာ ငြီးတွားလိုက်သည်။

ကျီဖန်ယင်းသည် ချက်ချင်းပင် သူမ၏အလုပ်ထဲစိတ်မှစ်လိုက်သည်။ သူမ နာရီကို ငုံ့ကြည့်ကာ "နောက်မကျပါဘူး။ မင်းရဲ့နာရီက မှားနေတာနေမှာ။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now