ကျီဖန်ယင်းသည် ခရစ္စမတ်နေ့တွင် အလုပ်လုပ်သည်မှာ အပိုငွေကြောင့်သာ ဖြစ်သည်။
သြော် ပန်းချီပြန်ရောင်းဖို့လည်းပါသေးတယ်။
ကျီဖန်ယင်းသည် ပန်းချီကားကို ထည့်လို့ရနိုင်မည့် ကြီးမားသည့် အိတ်ကြီးတစ်လုံးကို ဗီရိုထဲမှထုတ်လာခဲ့သည်။ သူမသည် အစကတည်းက ပန်းချီကိုဖွင့်မကြည့်ခဲ့တာကြောင့် ထုတ်ပိုးတဲ့စက္ကူကုန်စရာမလိုတော့ပေ။
ငါမှ ဒီပန်းချီကို နားမလည်တာကို။
သူမသည် သူမ၏အိတ်ထဲတွင် ငရုတ်ကောင်းဖြန်းဆေးကို သေချာထည့်ကာ အနီးစပ်ဆုံး ရဲစခန်းကိုလည်း အမြန်ဖုန်းခေါ်ဆိုနိုင်ရန်လည်း ဖုန်းထဲတွင်ပြင်ထားခဲ့သည်။ ထို့အပြင် စုန့်ရှီးယွီအတွက် လက်ဆောင်အဖြစ် ခရစ္စမတ်သစ်ပင်အသေးလေးကိုလည်း ပြင်ဆင်ထားခဲ့သည်။
ပြင်ဆင်မှုအားလုံးပြီးသွားတာနဲ့ သူမသည် အိမ်မှထွက်ကာ စုန့်ရှီးယွီ၏အိမ်သို့သွားရန် တက္ကစီခေါ်ခဲ့သည်။
စုန့်ရှီးယွီက သူမအတွက် တံခါးကိုဖွင့်ပေးလိုက်တော့ ကျီဖန်ယင်းက ခရစ္စမတ်သစ်ပင်ကို သူ့ဆီတွန်းပို့ကာ "မယ်ရီ ခရစ္စမတ်!"
"... မင်းရော" စုန့်ရှီးယွီက ခဏတာ အံ့အားသင့်သွားပြီးမှ ပြန်တုံ့ပြန်သည်။ သူသည် နူးညံ့သိမ်မွေ့သော အပြုံးဖြင့် ခရစ္စမတ်သစ်ပင်အသေးလေးကို ယူကာ သူမကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။ "ဝင်ခဲ့လေ။ တံခါးနားမှာ ဖိနပ်ရှိတယ်။"
"ဒီနေ့ နင့်အိမ်မှာပဲ ညစာစားကြမှာလား။" ကျီဖန်ယင်းက အိမ်စီးဖိနပ်ကို ၀တ်ကာ သူ့အိမ်ထဲဝင်သွားတယ်။ သူမသည် အိတ်ကို ဖိနပ်စင်ပေါ်တင်လိုက်ပြီး ကုတ်အင်္ကျီကို ချွတ်ကာ စုန့်ရှီးယွီနောက် လိုက်သွားသည်။ "ငါကူပေးရဦးမလား။"
သူ့မီးဖိုချောင်ကျယ်ကြီးထဲမှာ ခင်းကျင်းထားတဲ့ ကုန်ပစ္စည်းများကို သူမမြင်နေရပါသည်။
ပုံစံက... ဒါကို ဘယ်လိုပြောရမလဲ။
တစ်ချက်ကြည့်လိုက်တာနဲ့ အိမ်ရှင်က ဟင်းမချက်တတ်ဘူးဆိုတာ သိသာနေတယ်။
STAI LEGGENDO
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
Narrativa generaleTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)