အခန်း၂၁

2.4K 303 0
                                    

ကျီဖန်ယင်းသည် ကျိုးချီနှင့် ပရောပရည်မလုပ်ခဲ့ပေ။

သူမ၏အချစ်ရေးကို သ​ဘောမကျသော ဇီဇာကြောင်သည့် ဖောက်သည်တစ်ဦးရှိလာနိုင်သောကြောင့် အချစ်ရေးကိစ္စများသည် သူမ၏ ငွေရေးကြေးရေး အစီအစဉ်များ အတွက် အတားအဆီး ဖြစ်နေပေလိမ့်မည်။

ကျိုးချီသည် ကျီရှင်းရှင်း ဂရုတစိုက်မွေးမြူထားသောငါးများထဲမှ မဟုတ်တာကြောင့် သူမအတွက်ဖောက်သည် မဖြစ်လာနိုင်ကြောင်းသေချာပြီးနောက် ကျီဖန်ယင်းသည် သူ့ကိုသာမာန်သူငယ်ချင်းအဖြစ်သတ်မှတ်ခဲ့သည်။

သူငယ်ချင်း များများရှိခြင်းသည် အခွင့်အလမ်းများကို ပိုမိုရှိစေမှာ သေချာပါသည်။

ကျိုးချီသည် လူအချို့ကို သိသောကြောင့် ဖောက်သည်အသစ်အနည်းငယ်ကို သူမအား မိတ်ဆက်ပေးနိုင်မည်ဖြစ်သည်။

သူတို့friemd listထဲကို တစ်ယောက်နဲ့တစ်ယောက်addရင်းနဲ့ ကျိုးချီက ကျီဖန်ယင်းရဲ့ဖုန်းကို တစ်ချက်ကြည့်လိုက်ကာ သိချင်စိတ်ဖြင့် “မင်းစကားပြောတဲ့လူတွေ သိပ်မရှိဘူးပဲ။"

လူအများစု၏ WeChat သည် ချတ်ပေါင်းများစွာဖြင့် ပြည့်နေသော်လည်း ကျီဖန်ယင်း၏ WeChatတွင်တော့ သုံးခုသာရှိသည်။ အဲဒီအောက်မှာတော့ အကုန် လွတ်နေသည်။

"ကျွန်မက စကားပြောရတာကို မကြိုက်လို့ပါ။" လို့ ကျီဖန်ာင်းက သူမ၏ဖုန်းကို ဖယ်လိုက်ပြီး ပြန်ဖြေလိုက်တယ်။  "သိသာတယ်မဟုတ်ဘူးလား။"

ကျိုးချီက အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး  "ကျွန်တော်လေအရမ်းပေါမိသွားတာလား။"

"မစိုးရိမ်ပါနဲ့၊ ကျွန်မရှင့်စကားကိုနားမထောင်ချင်တော့ရင် သိသာပါတယ်။"

ကျီဖန်ယင်းသည် ကျိုးချီ မကြာခဏ စိုးရိမ်နေတတ်ပုံက ဟမ်းစတားတစ်ကောင်နှင့်ပင် တူသယောင် ခံစားနေရသည်။

“ကျွန်တော်အရိပ်အကဲကိုတော်တော်လေးကို မသိတဲ့အချိန်တွေရှိတယ်။ တကယ်လို့ ကျွန်တော် အရမ်းစိတ်ညစ်စရာကောင်းလာရင် ဖြတ်ပြောလိုက်လို့ရတယ်။" လို့ ကျိုးချီက စိတ်အားထက်သန်စွာပြောခဲ့ပါတယ်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now